Chapter 40.1

1.6K 237 20
                                    

Unicode

Ch-40.1

[ရင့်ကျက်နေပြီဖြစ်တဲ့ နှာဘူးကောင်အနေနဲ့ သူ့ပုံစံကအတော်လေးယုံကြည်ချက်ရှိတဲ့ပုံပေါ်သည်။ အခုတော့သူ့သရုပ်မှန်ပေါ်သွားတာကိုသူသိဦးမှာမဟုတ်ဘူး။

ရန်သူကအလင်းထဲမှာ... ငါကတော့အမှောင်ထဲမှာ။

အင်း... အခြေအနေတွေကစိတ်ဝင်စားစရာပိုကောင်းလာပြီ...]

ရုံကျင်းရဲ့အတွေးတွေကိုကုရှီကြားလိုက်တဲ့အခါ မျက်လုံးတွေကွေးညွှတ်သွား၏။

သူရဲ့တခြားလူတွေရဲ့စိတ်ကို​ဖတ်နိုင်တဲ့စွမ်းအင်က ပြတ်တောင်းပြတ်တောင်းနဲ့ကြားချင်တဲ့အချိိန်ကြားရ ၊သူ့ကိုယ်တိုင်လဲမထိန်းချုပ်နိုင်တာမို့ အတော်လေးသုံးစားမရဘူးလို့အမြဲတမ်းတွေးနေခဲ့တာ။ ဒါပေမဲ့ဒီလိုသုံးစားမရတဲ့ဟာက သူ့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့နေ့မျိုးလည်းရှိနေတာပါလား!

ဝူဟန်ချီကရုံကျင်းကိုလှမ်းခေါ်တဲ့အချိန်မှာ
ရုံကျင်းသည်ချက်ချင်းကုရှီရဲ့ပခုံးကိုလှမ်းဖက်ကာ ကုရှီဘာမှပြန်မတုံ့ပြန်နိုင်ခင်မှာပဲကားထဲတွန်းထည့်လိုက်သည်။ ကုရှီသူရဲ့နား,နားမှာစကားတစ်ခွန်းသာကြားလိုက်ရ၏။ : အခုထွက်မလာနဲ့ဦး။

အပြင်ကလူကကုရှီနဲ့ပတ်သက်ပြီးအရမ်းကိုရူးသွပ်နေတာ။ တကယ်လို့အခုဒီကားထဲမှာရှိနေတဲ့သူကကုရှီမှန်းသာသိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာဘယ်သူမှမပြောနိုင်ဘူးလေ။

သူအခုချိန်မှာအပြင်ထွက်ပြီး ပြဿနာရှာလို့မဖြစ်ဘူးဆိုတာကုရှီသိသည်။ ရုံကျင်းထွက်မသွားခင်မှာ ကုရှီသူ့လက်မောင်းကိုရုတ်တရတ်ဆုပ်ကိုင်လိုက်ပြီး " ဂရုစိုက်ဦး " ဟုပြောလိုက်သည်။

'' စိတ်မပူပါနဲ့ '' အချင်းချင်းမဆုံမိရင် သူတို့မှာအန္တရာယ်များနိုင်ခြေသိပ်မရှိပါဘူး။

ကုရှီရဲ့အကြည့်တွေက ရုံကျင်းနောက်ဆီပါသွားပြီး နှင်းဆီပန်းပွင့်ပုံသဏ္ဍာန်ရှိသည့်ဖောင်တိန်အ​ကြောင်းကို စဥ်းစားမိလိုက်တော့သူကြက်သီးတွေထသွားသည်။ သူထင်တာသာမမှားရင် အဲ့ဒီဖောင်တိန်ကသူအရင်ကလွှင့်ပစ်ခဲ့တဲ့ဟာနဲ့တူတူပဲ။ ဖောင်တိန်ပေါ်ကအဖုအထစ်လေးတွေတောင် သူမြင်ခဲ့အတိုင်းပဲမပြောင်းသွားဘူး။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now