Chapter 21.1

2.4K 466 13
                                    

Unicode

Ch-21.1

ကုရှီ လေပြင်းတချို့ သူ့ကိုတိုက်ခတ်လာသလိုခံစားလိုက်ရပြီး လုံးဝရှုပ်ထွေးနေတဲ့အခြေအနေထဲကို ကျရောက်သွားလေသည်။

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်နေကြတဲ့ စက္ကန့်အနည်းငယ်အတွင်းမှာ လူငယ်က
အခွင့်အရေးကိုအပိုင်ဖမ်းကာ
ကြမ်းပြင်ပေါ်မှာကျသွားတဲ့ဖုန်းကို
ကောက်ယူကာ အမြန်ခေါ်ဆိုတဲ့နံပါတ်ကို နှိပ်ထည့်လိုက်သည်။ ရုံကျင်းက လူငယ်ရှိတဲ့ဘက်ကို တချက်ကြည့်ရင်း မျက်လုံးတွေ မှေးကျဥ်းသွား၏ ဖုန်းကို ထိတော့မဲ့ လူငယ်ရဲ့လက်ကို သူ့ဒူးခေါင်းနဲ့ဖိလိုက်ပြီး ဖုန်းကိုလှမ်းယူလိုက်တယ်။

ဖုန်းထဲကနေ ဝူဖူယွီရဲ့အသံကို တိုးညင်းစွာ ကြားနေရတယ် '' ဟယ်လို...ဟယ်လို ဘာပြောမလို့လဲ? ''

သူ့ကိုယ်က အဖိခံရထားပြီး ပါးစပ်ကိုလဲ ပိတ်ထားတော့ လူငယ်က စကားပြောကြည့်ဖို့ အကောင်းဆုံးကြိုးစားလိုက်တယ် '' mmm! mmm! ''
ငါ့ကိုကယ်ပါဦး! သူတို့တွေ ငါ့ကိုဘာတွေလုပ်မလို့လဲမသိဘူး! ရဲကိုခေါ်!!

ကံဆိုးစွာပဲ သူပြောတာကို ဘယ်သူမှနားလည်ပုံမရဘူး။

ရုံကျင်း ချက်ချင်း ဖုန်းချပစ်လိုက်တယ်။ အဲ့အချိန် ဝူဖူယွီကို
သူ့အဖေက သူ့ကိုတခြားဦးလေးတွေနဲ့ မိတ်ဆက်ပေးဖို့ လှမ်းခေါ်နေတာမလို့ ဝူဖူယွီက ဖုန်းကိုကြည့်ရင်း တဖက်လူက
ချက်ချင်းဖုန်းချပစ်လိုက်တယ်ဆိုတော့ ဖုန်းမှားခေါ်တာပဲလို့ တွေးလိုက်မိသည်။ သူခပ်တိုးတိုးပြောလိုက်တယ်
'' ဘာလဲကွ '' အဲ့အရူးကောင်ကတော့
ဖုန်းမှားခေါ်တာပဲ

သူတို့နှစ်ယောက် အဲ့လူငယ်ကို မလွှတ်ရဲပေ။ အပြင်မှာ ဧည့်သည်တွေအများကြီး ရှိနေတယ်။ သူတို့သာ ဒီလူကိုလွှတ်လိုက်မိရင် အဲ့လူတွေကိုဘာတွေသွားပြောမလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ။

ရုံကျင်းနဲ့ကုရှီ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံသွားကြပြီး
အစောပိုင်းတုန်းက ရေကူးကန်မှာ တွေ့ဆုံပြီးကတည်းက အချင်းချင်း
မဟာမိတ်တွေအဖြစ် အလိုအလျောက် သတ်မှတ်ပြီးသားဖြစ်သွားသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now