Chapter 34.2

1.6K 369 12
                                    

Unicode

Ch-34.2

ကုရှီ pheromone ဖုံးပေးသည့်ဖျန်းဆေးကိုသုံးလိုက်ပြီး တစ်ခန်းလုံးအနှံ့ သုံးကြိမ်တိုင်တိုင်ဖျန်းခဲ့သည်။ သူဘေးနားမှာပြင်ဆင်ထားသည့်တားဆေးကို ဒယိမ်းဒယိုင်ဖြင့်ကောက်ယူလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်လိုက်ကာ အပြင်ကစိုးရိမ်နေသည့်အေးဂျင့်ကို လျစ်လျူရှုထားလိုက်သည်။

သူတံခါးကိုပိတ်ပိတ်လိုက်ချင်းမှာပဲ ကုရှီ
သူ့တစ်ကိုယ်လုံးက အားအင်တွေအကုန်လုံးဆုံးရှုံးသွားပြီး အားနည်းလာသည်။ သူရေချိုးလိုက်ချင်သည်။ အခုလေးတင် သူ့ကိုယ်ကိုထိကိုင်ခံလိုက်ရတဲ့နေရာတွေက အရမ်းညစ်ပတ်နေသလို ခံစားရသည်။
သို့ပေမယ့် အိမ်ထဲနဲ့အိမ်ပြင်မှာ တခြားလူတွေရှိနေတာကြောင့် သူအခု ရေချိုးဖို့လုံးဝမစဥ်းစားရဲဘူး။

ကုရှီ သူ့ခန္ဓာကိုယ်ကို တဘတ်ဖြင့်နာနာပွတ်လိုက်သည်။ အရမ်းပွတ်လွန်းတာကြောင့် အရေပြားကပွန်းလာတော့မှ သူရပ်လိုက်သည်။ သူ့ခေါင်းထဲမှာ အသံတစ်ခုပြောနေတာကိုကြားနေရသည် 'မျှော်လင့်ချက်မဲ့နေတယ်လို့ခံစားနေရတာလား? အခုမင်းရဲ့ခန္ဓာကိုယ်ကို ငါ့ဆီပေးလိုက်ပါလား... ဒါဆိုမင်းကိုယ်ကို ငါထိန်းချုပ်လို့ရသွားပြီလေ?'

ကုရှီဖြေးဖြေးချင်း မျက်လုံးတွေကိုမှိတ်ချလိုက်သည် : '' မရဘူး... ပြန်သွား... ငါဒါကိုကိုင်တွယ်နိုင်တယ်။ မင်းရွှီးရှန်ထန်ကို သတ်မလို့ထွက်လာတာမလား? မလုပ်နဲ့... သူဘယ်လောက်ရွံဖို့ကောင်းကောင်း မင်းသူ့ကိုသတ်လို့မရဘူး ''

သူ့ခေါင်းထဲကအသံက စိတ်တိုနေပုံပေါ်ကာ သူ့ထိန်းချုပ်မှုအောက်မှာရှိမနေတဲ့ခန္ဓာကိုယ်ကြောင့် လွတ်လွတ်လပ်လပ်ထွက်လာလို့မရဘူးဟုဆိုကာ သူ့ကိုထပ်ပြီးဖြားယောင်းနေသည်။

ဒီတခြားအသံကြောင့် သတိရှိသွားပြီး ကုရှီနောက်ဆုံးတော့ စိတ်တည်ငြိမ်သွားသည်။
သူထိုင်ချလိုက်ကာ ဆေးထိုးအပ်ကိုထုတ် ၊ တားဆေးကိုအဲ့ထဲထည့်လိုက်သည်။ သူတစ်ဘူးလုံးကိုဖောက်ပစ်လိုက်ပြီး သူဘယ်နှစ်ခုတောင်ထိုးပြီးပြီလဲဆိုတာကိုတောင် ရေတွက်မနေတော့ဘဲ ဆေးတစ်လုံးပြီးတစ်လုံးထိုးသွင်းပစ်လိုက်သည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now