Chapter 19.1

2.7K 539 24
                                    

Unicode

Ch-19.1 အို လတ်စသတ်တော့ သူက မျက်နှာနှစ်မျိုးနဲ့ကို?

ဝူဖူယွီရဲ့ခန္တကိုယ် တောင့်တင်းသွားတယ်။ သူကိုင်ထားတဲ့ဝိုင်ခွက်ကိုတောင် ခွဲမိတော့မလိုဖြစ်သွားတယ်။ ဒါက Alpha တယောက်က နောက် Alpha တယောက်ကို စိတ်ဝင်စားတာမျိုးကို ပထမဆုံး ကြုံဖူးတာကြောင့်တော့ မဟုတ်ဘူး။ တမူကွဲပြားတဲ့သာယာမှုမျိုး: Alpha ကိုဖိနှိပ်ရင် တကယ့်ယောကျ်ား ဖြစ်ပြီဆိုတဲ့ အတွေးတွေရှိတဲ့ ထူးဆန်းတဲ့လူတချို့ကို သူသိတယ်။

ဒါပေမဲ့ သူ့အတွေးကတော့ သူတို့တွေက နှာဘူးသက်သက်ပဲ။ သူ့ကိုယ်တိုင် အဲ့လိုနှာဘူးမျိုးနဲ့ကြုံရလိမ့်မယ်လို့ တခါမှမတွေ့ခဲ့ဖူးဘူး။

အဲ့တာကြောင့် အဲ့ဂေါ်ဇီလာက ငါအာရုံစိုက်တာကိုလိုချင်လို့ တကြိမ်ပြီးတကြိမ် ငါ့ကိုနှောင့်ယှက် နေတာလား? သူအောင်မြင်သွားပြီ ဟုတ်ပြီလား!

ရုံကျင်း အဲ့တာကို တစက္ကန့်လောက်ပဲ တချက်ကြည့်ပြီးတော့ မျက်နှာ လွှဲပစ်လိုက်တယ်။ သူက ဒီတိုင်းသိချင်ရုံသက်သက်ပါ။

သူကောက်ချက်ချရသလောက်ဆိုရင် ဝတ္ထုထဲမှာ ဝူဖူယွီကို ဓားနဲ့ထိုးသွားတဲ့ Omega က ကုရှီပဲဖြစ်ရမယ်။ ထိုသူရဲ့ စိတ်ဝိညာဥ်ကိုတောင် တုန်လှုပ်စေနိုင်တဲ့ရနံ့ကို ပြန်တွေးမိတော့ သူ့နှာခေါင်းတောင် ရုတ်တရက် ယားလာတယ်။ အဲ့ခံစားချက်က Ergoutou ဆယ်ပုလင်းလောက် သောက်ထားတဲ့ ခံစားချက်ဆိုတာကို သူဘယ်တော့မှ မေ့ပျောက်လို့ရမှာမဟုတ်တော့ဘူး။

အဲ့ဒါတွေးတာ ရပ်လိုက်ပါတော့ အဲ့ဒါက မင်းကိုပိုပြီးစွဲလမ်းလာစေလိမ့်မယ်

သူက ယောကျာ်းလေးတယောက်လေ ဟုတ်ပြီလား? ယောကျာ်းလေး

ကုရှီက ယောကျာ်းတယောက်ဆိုတာ ရုံကျင်း အမှတ်ရသွားတော့မှ သူ့စိတ်တွေတဖန် တည်ငြိမ်သွားတယ်။

မူလဝတ္ထုထဲမှာ ဝူဖူယွီရဲ့တင်းတင်းလေးက ဆက်ရှိနေတယ်။ ကုရှီက သူ့ heat ကာလမှာ အရမ်းအားနည်းနေခဲ့​​တာဖြစ်သည်။ သူဒီတိုင်း စမ်းတဝါးဝါး ထိုးရုံနဲ့တော့ ဝူဖူယွီကို ကောင်းကောင်းထိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဝူဖူယွီက သွေးတွေသိပ်မထွက်တာ တောင်မှ ဆေးရုံကိုရောက်လာတော့ တကိုယ်လုံး သွေးတွေပေကျံနေတယ်။ အဲ့မြင်ကွင်းကြောင့် ဆေးရုံဝန်ထမ်းတွေ တော်တော်များများ ထိတ်လန့်သွားကြပြီး သတင်းစာခေါင်းစီးထဲတောင် ပါတော့မလို့ဖြစ်သွားတာမို့ ဝူဖူယွီကို လူမြင်ကွင်းကနေ လုံးဝဖျောက်ထားခဲ့ ရတယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now