Chapter 32.2

1.9K 363 14
                                    

Unicode

Ch-32.2

ရုံကျင်းက IT ဌာနကိုသွားဖို့လုပ်နေတာကို ဒါရိုက်တာကြားရတော့ ရုံကျင်းကို ဘုရင်တစ်ပါးအလား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသည်။ လီစီးတစ်ယောက် လုံးဝကိုကြားဝင်လို့မရဖြစ်နေ၏။ သူမတွေးလိုက်မိသည်က အင်တာတိန်းမန့်ဌာနက ဒီအဖိုးကြီးတွေက တကယ့်ကိုမြေခွေးအိုကြီးတွေပဲလုပ်တာကိုင်တာလည်းမြန်တယ်... ဉာဏ်နီဉာဏ်နက်လည်းများသေး! ဟူ၍။

အင်တာတိန်းမန့်ဌာနက ဒါရိုက်တာဒီလောက်ထိ ဟက်ဟက်ပက်ပက်ပြုံးနေတာကို IT ဌာနကလူတွေ ပထမအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အင်တာတိန်းမန့်ဌာနက အသုံးစရိတ်အ​ဖြတ်ခံလိုက်ရတာကို သူတို့အားလုံးသိထားကြပြီး ဒါရိုက်တာကိုကြည့်လိုက်ရင် အမြဲတမ်းမျက်နှာစူပုတ်ပြီး
သုန်မှုန်နေတာပဲ။ အခုများ...ကြည့်စမ်းပါဦး အပြုအမူတွေက လုံးဝကိုကွဲပြားနေတာပဲ။ သူတို့တွေ မယုံနိုင်လောက်အောင် အံသြသင့်နေကြသည်။

IT ဌာနမှာ အလုပ်သေသေချာချာလုပ်သည့် လူအနည်းငယ်သာရှိ၏။

နှစ်ပေါင်းကြာရှည်စွာ လုပ်ငန်းလုပ်ကိုင်ခဲ့ကြသည့် တခြားကုမ္ပဏီကြီးတွေကဲ့သို့ပင် အတွင်းပိုင်းမှာ ပြဿနာတွေက အချိန်ကြာမြင့်စွာဖြစ်တည်လာပြီး စုပုံလာတာမျိုးတွေရှိသည်။ ကုမ္ပဏီထဲမှာ ဆွေမျိုးဘက်ကို မျက်နှာသာပေးတဲ့လမ်းစဥ်ကို အားကိုးနေကြသည့်လူတွေအများစုရှိသည်။ ထိုလူတွေက
ယေဘုယျအားဖြင့် ရှဲမိသားစု၏ ရာထူးအကြီးပိုင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်တာမျိုးတွေ ရှိသည်။ ၎င်းအကြီးပိုင်းတွေကလည်း
လောင်ရှဲ ကုမ္ပဏီကိုဦးစီးစဥ်အချိန်တုန်းက အတူတကွအလုပ်လုပ်ခဲ့ကြသည့် လက်ကျန်လူတွေဖြစ်ကြသည်။ အဲ့တာကြောင့် ရှဲလင်းတောင် သူတို့ကို အလွယ်တကူအရေးယူလို့မရဘူးဖြစ်နေသည်။

စီးပွားရေးလောကဆိုတာ အမြဲတမ်းပြောင်းလဲနေတတ်ပြီး စျေးကွက်ဆိုတာလည်း တခြားအသစ်အသစ်သော ကုမ္ပဏီတွေရဲ့ဝါးမြိုတာကို ခံနေရတာကြာပြီ။ ရှဲလုပ်ငန်းစုက ပြုပြင်​ပြောင်းလဲသည့် အကူးအပြောင်းကာလမှာ ရှိနေတုန်းဖြစ်ပြီး စျေးကွက်ထဲဝင်တာ အရမ်းနောက်ကျခဲ့သည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now