Chapter 28.2

2.1K 363 5
                                    

Unicode

[T/N - E-trans ပြောထားတာတော့ သူဆိုရင် ကုရှီကိုပြောတာဖြစ်ပြီး သူမဆိုရင်တော့ တော်ဝင်ကိုယ်လုပ်တော်ကို ရည်ရွယ်ထားတာပါ]

Ch-28.2 Ehhh?

ရုံကျင်းခေါင်းညိတ်လိုက်သည်။ ဒါရိုက်တာက ' အက်ရှင်! ' လို့အော်လိုက်ပေမယ့်လည်း
အစောပိုင်းက လာရောက်ဖြေဆိုသူတွေရဲ့ ဗီဒီယိုတွေကို ပြန်ကြည့်ဖို့လုပ်နေသည်။ သူတို့မှာ အချိန်သိပ်မရှိဘူးလေ။ ဒါပြီးရင် သူတို့တွေ ရုပ်ရှင်ပွဲတော်ကို သွားရဦးမယ်။

တော်ဝင်ကိုယ်လုပ်တော်က ကုလားထိုင်ပေါ်မှာ ထိုင်နေတယ်။ ဖူချင်းမင်က မြေကြီးပေါ်မှာ ဒူးတစ်ဖက်ထောက်ထားသည်။

တော်ဝင်ကိုယ်လုပ်တော်က လက်တစ်ဖက်တွင် ယပ်တောင်ကိုင်ထားပြီး သူမ၏လှုပ်ရှားမှုတိုင်းက သူရဲ့ပင်ကိုမောက်မာမှုနှင့် တော်ဝင်ဆန်မှုတို့ကို ဖော်ပြလျက်ရှိနေသည်။ သူမ့ခြေထောက်နားမှာ
ဒူးထောက်နေတဲ့ အစေခံကိုကြည့်ရင်း
ဖြေးညင်းစွာပြောလိုက်သည် '' ဒီနန်းတွင်းထဲမှာ ငါမမြင်သလို သဘောထားလိုက်တာတွေ အများကြီးပဲရှိတယ် ... ဒါပေမယ့် ဒီကလူတွေကတော့ ကိုယ့်ကိုကိုယ်သိရမယ်လေ ''

တော်ဝင်ကိုယ်လုပ်တော်ရဲ့ နူးညံ့တဲ့ လက်ချောင်းတွေက ဖူချင်းမင်ရဲ့မေးစေ့ကို ဆွဲမော့လိုက်ပြီး အသာအယာ ပွတ်သပ်လိုက်သည်။

ဖူချင်းမင်ဟာ ချွေးတွေထွက်နေကာ အနည်းငယ် တုန်နေပြီး အရမ်းစိတ်လှုပ်ရှားနေပုံပေါ်သည်။ အမှန်စင်စစ်တော့ သူ့ကြောက်စိတ်ကို ကျော်လွှားဖို့ကြိုးစားနေတာကို လူတိုင်းသိနေကြသည်။

အခုချိန်မှာ သူ့ခန္ဓာကိုယ်လှုပ်ရှားနေတာက
သူရဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် မဟုတ်ဘူး... ဒါပေမယ့်...

ရုတ်တရတ် ရုံကျင်းက သူ့ခေါင်းကိုအတင်းအကျပ် အမော့ခံထားရသလိုမျိုး သရုပ်ဆောင်နေတာကို ဇာတ်ညွှန်းရေးဆရာက သတိထားမိလိုက်သည်။ အကယ်၍ တုန်နေတဲ့သူ့ခန္ဓာကိုယ်ကိုသာ မကြည့်မိဘူးဆိုရင်
သူ့အကြည့်တွေထဲမှာ ခံစားချက်ကင်းမဲ့နေမှုနဲ့ ရွှံရှာမှုအရိပ်အယောင်တွေရှိနေပေမယ့် အရှုံးပေးလိုက်တော့မယ့်ပုံစံပေါ်နေသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now