Chapter 9.2

2.6K 521 8
                                    

Unicode

Ch-9.2 အဲ့တော့ ဘယ်တယောက်က အစစ်လဲ?

ထိုလူက ဒရာမာအတန်းဘီ Level12 ရဲ့ အတန်းခေါင်းဆောင်ဖြစ်ပြီး ရုံကျင်းရဲ့ အတန်းဖော်လဲဖြစ်တယ်။ သူကအရမ်းကို ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အားကိုးရတဲ့သူဖြစ်ပြီး ကျောင်းသား ကောင်စီရဲ့အဖွဲ့ဝင်တယောက်လဲ ဖြစ်တယ်။

သူ(ရုံကျင်း) ဖျော်ဖြေမှုတွေဆက်တိုက် ကျရှုံးနေလို့ အတန်းဘီတစ်တန်းလုံးက လှောင်ပြောင်ပြီး ဘေးဖယ်ထားကြပေမဲ့ သူကတော့ရုံကျင်းကို စကားပြောနေဆဲပဲ။

မူလပိုင်ရှင်က ကျီလဲ့ပင်းအပေါ်မှာ သဘောကျနှုန်းက အတော်လေးမြင့်တယ်။

ဒါမဲ့ ရှဲလင်းနဲ့တုန်းကလိုပဲ ရုံကျင်းက သူ့ကိုယ်တိုင်ပဲရင်းနှီးချင်ပြီး မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကိုတော့ ကိုးကားရုံပဲ အသုံးပြုမှာဖြစ်တယ်။

ကျီလဲ့ပင်းကသာမန်ကာလျှံကာမေးတယ်
'' ဘွဲ့ရကျောင်းသားတွေရဲ့စာမေးပွဲ ရလဒ်တွေက ဒီနေ့ကြေငြာတယ် မင်းအောင်လား? ''

ရုံကျင်းက သူ့အရင်ဘဝတုန်းကလဲ အနုပညာလောကထဲမှာ အလုပ်လုပ်ဖူးတယ်။
ကျီလဲ့ပင်းလိုလူမျိုးကို သူတွေ့ဖူးတယ်။
သူတို့က သူတို့ဘေးကလူတွေကို ဘယ်လိုပေါင်းရမလဲဆိုတာ နားလည်ပြီးတော့ လူတွေကိုအလွယ်တကူ စိတ်မညစ်စေဘူး။ မူလပိုင်ရှင်လိုမျိုး ဖယ်ထားခံရတဲ့လူမျိုးတွေကိုတောင ဂရုတစိုက်ပြုမူတတ်ကြတယ်။ အဲ့လိုလူမျိုးတွေက နားလည်ရအခက်ဆုံး လူမျိုးတွေဖြစ်ပြီး ရုံကျင်းကတော့ သူတို့တွေကို ရှောင်လေ့ရှိတယ်။

ရုံကျင်းလဲသူ့လိုပဲ ပုံမှန်ပြန်ဖြေလိုက်တယ်
'' ငါမကြည့်ရသေးဘူး ငါ့မှာကွန်ပျူတာ မရှိတာ မင်းလဲသိသားပဲ ''

ရုံကျင်းမိသားစုက သိပ်အဆင်မပြေကြတာ ကျီလဲ့ပင်းမှတ်မိလိုက်တယ်။ ကျောင်းကကျွေးတဲ့ ထမင်းကိုစားမယ်
ပြီးရင် သူ့ပိုက်ဆံကိုချီယင်အတွက်ပဲ သုံးတယ်။ တခါကဆိုရင် ချီယင်က ဒီဇိုင်နာအိတ်လိုချင်တယ်ဆိုလို့ ရုံကျင်းမှာ နေ့မနားညမနားဘဲ အချိန်ပိုင်းလုပ်ပြီး ဝယ်ပေးခဲ့သေးတယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now