Chapter 22.1

2.4K 445 10
                                    

Unicode

Ch-22.1

'' ကားပေါ်တက်လေ ငါကားကြုံလိုက်ပို့ပေးမယ် ''

တစ်ဖက်ကလူက သိပ်ကိုတည်ငြိမ်ပြီး အေးအေးဆေးဆေး ဖြစ်နေသည်။
ကုရှီရဲ့မျက်လုံးတွေ တစ်စက္ကန့်လောက် လှုပ်ရှားသွားသည်။

သူ ငါ့ကိုမှတ်မိသွားတာလား? ဒါမှမဟုတ် သူ...ဟန်ဆောင်နေတာလား?

ဝူဟန်ချီက အလွန်စကားပြောကောင်းသူ ဖြစ်သည်။ ထိုလူက မေးခွန်းမေးတုန်းက ဘာနာမည်မှမပါတာကို ကုရှီ သတိထားမိသည်။ သူစိတ်လှုပ်ရှားနေပေမယ့် သူ့ကိုယ်သူ တည်ငြိမ်အောင်
စိတ်ထိန်းလိုက်ပြီး သူအခုရောက်နေတဲ့ အခြေအနေကို စိစစ်လိုက်တယ်။

တခါတုန်းက 'Avatar' ဇာတ်ကားအတွက် ဇာတ်ကောင်ဒီဇိုင်းဖန်တီးတဲ့ နေရာမှာ တာဝန်ရှိတဲ့နိုင်ငံတကာ sfx makeup အဖွဲ့နဲ့အလုပ်အတူ လုပ်ခဲ့ဖူးသည်။ သူက အရံအဖွဲ့မှာပဲ အလုပ်လုပ်ခဲ့ရပေမဲ့ တကယ့်ပညာအချို့ကို
သူလေ့လာခဲ့ရသည်။ မိတ်ကပ်သုံးပြီး သူ့မျက်နှာပုံစံကို ပြောင်းလဲတာက အရမ်းကြီးခက်ခဲတာမျိုး မဟုတ်ဘူး။
ဒါပေမဲ့ ရုပ်ကို သေသေချာချာ
ပြောင်းလဲဖို့အတွက် အချိန်ပေးဖို့လိုသေးတယ်။

ဒီနေ့ဆို အချိန်အကန့်အသတ်တွေကြောင့် သူရုပ်ဖျက်ထားတာက သိပ်မကောင်းဘူး။ ဒါပေမဲ့ အရမ်းကြီးကောင်းမွန်မနေတောင် သူ့နဂိုရုပ်ကို ဖုံးကွယ်ဖို့က ပြဿနာမဟုတ်ပေ။ ရုံကျင်းတောင် သူ့ကိုအနီးကပ် လေ့လာကြည့်ပြီးမှ သူ့ကိုကုရှီလားဆိုပြီး သံသယရှိခဲ့တာ ဖြစ်သည်။

ကုရှီ ဘေးပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်တယ်။ ဒီနေရာက တောင်တက်လမ်းရဲ့အောက်ခြေက သစ်တောအကြီးကြီးကြောင့် မှုန်မှိုင်းနေပြီး လမ်းမီးအနည်းငယ်ကိုသာ မြင်နိုင်သည်။

ဒီလောက်မှောင်နေတာကို ဝူဟန်ချီက
သူ့ကိုတကယ်မြင်ရတာလား? တကယ်ကြီး သူ့ကိုမှတ်မိသွားတာလား?

'' ကျေးဇူးပါပဲ ဒါမဲ့ ကျွန်တော် ဒီတိုင်းလမ်းလျှောက်ရတာ ပိုအဆင်ပြေပါတယ် '' သူမသင်္ကာဖြစ်နေပေမဲ့လဲ အရဲစွန့်ပြီးတော့ ဝူဟန်ချီက သူမှန်းမသိဘူးလို့ ယုံကြည်လိုက်တယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now