Chapter 10.1

2.6K 515 2
                                    

Unicode

Ch-10.1 အသံကတော့ ပိုပြီးအစစ်နဲ့တူတယ်

ပရိသတ်နေရာက လူတွေပြည့်နေတာကို ရုံကျင်းမြင်တော့ အံသြသွားတယ်။

သူတို့စစချင်းရောက်တုန်းက အထဲမှာ ကျောင်းသားအများကြီးမရှိသေးဘူး။ ပရဟိတပွဲအတွက် စီစဥ်ပေးရတဲ့ ကျောင်းသားကောင်စီကအဖွဲ့ဝင်တွေက လွဲရင် ကျောင်းသားတော်တော်များများ ပရိုဂရမ်ကိုကြည့်ဖို့ အမြန်ပြေးလာကြတယ်။
စင်ပေါ်ကလိုက်ကာကို ဖွင့်လိုက်တဲ့အခါမှာ တော့ ပရိသတ်နေရာတွေက လူတွေနဲ့
ပြည့်နေတယ်။

ပွဲကျင်းပတဲ့နေရာတခုလုံး ကျောင်းသားတွေချည်းပဲ။

ဒီဟာက ရုပ်ရှင်အကယ်ဒမီဖြစ်တာကြောင့် ကျောင်းဝင်းထဲမှာ စတားတွေဖြတ်သွား ဖြတ်လာရှိနေတာက ပုံမှန်ပဲ။ ကျောင်းသားအများစုနဲ့ ဆရာတွေက အနုပညာရှင်တွေကိုမြင်ရင် စိတ်မလှုပ်ရှားတော့ဘူး။ ပရိုဂရမ်က ဒီတိုင်းပုံမှန်ငြီးငွေ့ဖွယ်ကောင်းတဲ့ ဆွေးနွေးပွဲလို့ ရုံကျင်းကထင်နေတာ။ သို့ပေမဲ့ ကောင်လေးတွေရော ကောင်မလေးတွေရော ကုရှီရဲ့ဖန်ဆိုင်းဘုတ်တွေ ကိုင်ထားတာကို သူတွေ့လိုက်တယ်။ လိင်အမျိုးအစား ​ခြောက်မျိုးလုံးစုံနေတာပဲ။

ကုရှီနဲ့တခြားရုပ်ရှင်သရုပ်ဆောင်ရဲ့ နာမည်ကြီးမှုရဲ့ အရေးကြီးပုံကို ရုံကျင်းနောက်ဆုံးတော့ သဘောပေါက်သွားတယ်။

ကုရှီကသုံးနှစ်လုံးလုံးပျောက်ပြီးမှ ပြန်ပေါ်လာတာတောင် ထိပ်ကိုရောက်နေဆဲပဲ
သူ့ကြည့်ရတာ နတ်ဘုရားတွေက ကောင်းချီးပေးတာခံထားရတယ်နဲ့တူတယ်။

သူတို့ဘယ်လိုလုပ် ဒီလူသားတံတိုင်းကြီးကို ကျော်ပြီး အရှေ့တန်းကိုရောက်အောင် သွားမှာလဲ?

'' ငါ့နောက်လိုက်ခဲ့ '' ရုံကျင်းနောက်ဆုတ်ဖို့ လုပ်နေတာကို ကျီလဲ့ပင်းသတိထားမိတယ်။
'' တကယ်ပါပဲ မင်းကအရမ်းကို စိတ်ပေါ့ပါးနေတာပဲ မင်းဘယ်လိုများ သရုပ်ဆောင်ဌာနကို ဝင်လာတာလဲ? မင်းအတွက်စာပေဌာနက ပိုပြီးသင့်တော်တယ် ''

လူတွေကြားထဲကနေ ထင်ပေါ်ကျော်ကြားနိုင် အောင် ရပ်တည်နိုင်တဲ့သူတွေက သွေးပူတဲ့ Alpha တွေပဲဖြစ်ရမယ်လို့ ကျီလဲ့ပင်း အမြဲတွေးနေခဲ့တာ။ ဒီလိုထူးဆန်းနေတဲ့လူက အဲ့လိုအဖွဲ့ထဲမှာ ပါနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ?

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now