🔞💔ကြၽန္💔1🔞uni

18.3K 336 7
                                    

Zawgyi...

"မင်းဘာလို. အခုလို ဆုံဖြတ်လိုက်တာလဲ ဝါဆို ၊ မင်းအခုလို ဆုံဖြတ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကို ဆရာသိလို.ရမလား  "

ဂျူတီကုတ်လေးဝတ်ဆင်ထားတဲ့ ဆရာဝန်တယောက်ရှေ.၌ ပြတ်သားတဲ့ အကြည့်တွေ၊ ရဲဝင့်တဲ့ အကြည့်တွေ ထိုင်နေတဲ့ ဝါဆို ဆိုတဲ့မိန်းခလေးတဦး ။ အသက်အရွယ်မှာ ၂၃နှစ်သာရှိသေးပြီး လှပလေသည် ။ အသားဖြူဖြူလေးပေါ် မိန်းမဆန်တဲ့ အပြင်အဆင်တွေ အပြည့်ရှိပင်မဲ့ ထိုအရာတွေကို ပြောင်းလဲဖို. ကြံစည်နေတာပါ ။

ဘယ်လောက်ပဲ ရဲဝင့်ပြတ်သားနေပါစေ သူမ မျက်ဝန်းတွေက ဝမ်းနည်းသောကတွေအပြည့်ပါ ။ ဆရာရဲ. မေးခွန်းကိုတောင် ပြန်ဖြေနိုင်ဖို. ကြိုးစားအားထုတ်နေရသည် ။ အာခေါင်များ ခြောက်လာတာမို. ဂတွင်းထဲက တံတွေးများကိုသာ မျိူချရင်း အာခေါင်အား စိုစေလိုက်သည် ။

"ကျွန်မ အခုလို ဆုံဖြတ်ရတဲ့ အဓိက အကြောင်းအရင်းအစကတော့  မိဘတွေ သဘောတူပေးစားတဲ့ ယောကျာ်းကို ယူလိုက်မိတဲ့ အမှားတခုကြောင့်ပါပဲ... "

နောင်တလဲ ရမိသလို ၊ ကိုယ့်ကိုကိုယ်လည်း အားမလို၊အားမရ ဖြစ်နေခဲ့ရသည် ။ ဆုံဖြတ်ချက်ကို ပြန်မပြင်နိုင်အောင် ပြတ်သားပင်မဲ့ နောင်တနဲ. ဝမ်းနည်းသောကမီးကတော့ ရင်ထဲတောက်လောင်နေဆဲပါ ။

💔💔💔💔💔

Flash back....

လွန်ခဲ့တဲ့ နှစ်နှစ်ခန်.က..

ချမ်းသာလွန်းတဲ့ ကျွန်မတို. မိသားစုကလေး ၊ အစစအရာရာ ပြီးပြည့်စုံနေပင်မဲ့ ၂၁နှစ်အရွယ် ကျွန်မကို အိမ်ထောင်မချပေးနေတဲ့အတွက် မိဘတွေက မပြည့်စုံသေးဘူး ဟု ထင်မှတ်ကျသည်။ 
အစစအရာရာ ပြည့်စုံနေသောငှါလည်း အဖေဖြစ်သူက  လေဖြတ်ထားပြီး အိပ်ယာထဲ လဲနေသူမို. အိမ်မှာ အားကိုးစရာ ယောကျာ်းသားဆိုတာရယ် မရှိ ။

အမေက စိတ်ဓာတ်မာပြီး စီးပွားရေးတွေကို နိုင်နင်းပင်မဲ့ သူတို.တွေသာ မရှိရင် ကျွန်မ ဒုက္ခရောက်မှာဆို၍ အမေက သူ.သဘောကျတဲ့ လွန်းခေတ် ဆိုတဲ့ သူနဲ.နေရာ ချပေးခဲ့တယ် ။

🔞💔ကြၽန္(slave)(complete) Where stories live. Discover now