💔ကြၽန္💔 3💔 uni

6.9K 184 3
                                    

နံနက်မိုးသောက် အလင်းရောက်လို. ဝါဆိုလည်း နာကျင်နေတဲ့ ခန္ဒာကိုယ်လေးလူပ်ရှားလာတော့သည် ။

မျက်လုံးရယ် မဖွင့်ရသေး နာကျင်မူကို ဦးစွာခံစားလိုက်ရ၍ နူတ်မှ ညှီးညူးသံများ ထွက်လာလေသည် ။

မျက်လုံးများ ဖွင့်လာကာ ဘာကြောင့် ဒီလောက် နာကျင်နေရမှန်းမသိ ။ အိပ်နေရင်းမှ ထထိုင်လိုက်ကာ မနေ.က ဖြစ်ရပ်တွေအား ပြန်လည် စဉ်းစာကြည့်မိသည် ။

မနေ.က ညနေပိုင်း လွန်းခေတ်ရဲ. ရမ္မက်တွေကြောင့် ပင်းပန်ပြီး အိပ်ပျော်သွားခဲ့ပင်မဲ့ ယခုတော့ လွန်းခေတ် ကိုမတွေ.ရသည်မှာ မနက်ခင်းကျက်သရေ အဖြာဖြာ ပြည့်စေသည် ။

ရဲလည်း မတိုင်ချင်တော့ပါ ။မကြာခင်မှာ အသုံးမလိုတော့တဲ့ အရာတွေမို. လွန်းခေတ် ပြောသလို သမျောစရာပါပဲ ။ သူကိုယ်တိုင်ကလဲ ခဏတာ သာယာမိခဲ့တာမို. အတွေးများကိုရပ်ရင်း မသန်.ရှင်တဲ့ ခန္ဒာကိုယ်အတွက် ရေချိူးရန် ရေချိူးခန်းထဲ ဝင်သွားလေသည် ။

ရေချိူးပြင်ဆင်ပြီး မနက်စာစားရန် အောက်ထပ်သို.ဆင်းလာခဲ့သည် ။
ဒေါ်ကြီးသက်နဲ.မေဇင်လေးတို.မှ သူမအတွက် မနက်စာကို ပြင်ဆင်နေရင်း သူမအားတွေ.သော လုပ်လက်စအလုပ်များကို ရပ်ကာ စိုးရိမ်တကြီး ကြည့်နေကျသည် ။

"သမီး အဆင်ပြေရဲ.လား ၊ သူမနေ.က သမီးကို ဘာလုပ်သွားသေးလဲ "

ဒေါ်ကြီးသက်လက်ထဲ၌သာ ကြီးပြင်လာခဲ့တဲ့ ဝါဆိုက ဘာမှမဖုံးကွယ်တတ်ပါ ။ မိဘတွေရှိထဲက ဘာလုပ်လုပ် ဒေါ်ကြီးသက်ကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီးမှ လုပ်တတ်ပင်မဲ့ အသက်မပြည့်သေးတဲ့ မေဇင်လေး ရှိနေတာမို. ဘာမှမပြောတော့ပဲ မနက်စာစားရန်သာ စားပွဲ၌ ဝင်ထိုင်လိုက်သည် ။

"ဒေါ်ကြီးသက် သမီး ဘန်ကောက်ကို နောက်လတစ်ရက်နေ.သွားရမယ် ၊ ဒါပင်မဲ့ သမီး ဆရာဝန်နဲ. တိုင်ပင်ပြီး ဒီလထဲပဲ ကြိုသွားနှင့်လိုက်မယ် "

"ဘာလို.လဲ သမီးရဲ. ၊ ခွဲစိတ်ဖို.က လိုသေးတယ်မှတ်လား "

🔞💔ကြၽန္(slave)(complete) Where stories live. Discover now