💔ကျွန်💔5 💔zg

3.5K 67 2
                                    

TK GROUP အဆောက်အအုံးထဲသို. ဆံပင်ဂုတ်အထေါက်ကို နေါက်တွင်း စုစည်းထားကာ အနောက်တိုင် suit အမဲရောင်ကို စမတ်တကျ ဝတ်ဆင်ထားကျတဲ့ သွေးခက်နဲ. သူ.ရဲ. အတွင်းရေးမူး ဆိုသူ အမျိုးသား ။

အကိုဆုံးသွားပြီးထဲက TK group ကို ဦးစည်ဦးဆောင်လုပ်ခဲ့သည်မှာ ယခုဆို သုံးနှစ်ကျော်လာခဲ့ပြီး ။ သွေးခက်လဲ အသက်မှာ ၂၃ နှစ်ပင် ပြည့်ပါတော့မည် ။

အသက်ကြီးလာတဲ့အမျှ ရင့်ကျက်လာပြီး TK group ကလည်း သွေးခက်ကြောင့် ပို၍ ကျယ်ပြန်.ထင်ရှားလာလေသည် ။

သို.သော်မပြောင်းလဲခြင်းတခုက ပါးစပ်ပေါက်ဆိုးဆိုး သွေးခက်က ယခုဆို မိန်းမတွေကို သေလောက်အောင်မုန်းလေတော့သည် ။ မိန်းမတယောက်ကြောင့် အကိုဖြစ်သူကို ဆုံးရူံးခဲ့ရတာမို. ယခုချိန်မှာတော့ သူရဲ. ရန်သူဟာ  မိန်းမတွေပါပဲ ။

အကို ကိုသတ်ခဲ့တဲ့သူတွေကို ပြန်လက်စားချေနိုင်ခဲ့ပင်မဲ့ ရင်ထဲက အမုန်းတွေက မိန်းမတွေအပေါ်ကို အပြစ်တင်လာလိုက်တာ ယခုဆို သုံးနှစ်ပင် ကျော်လာခဲ့ပြီး ။

သွေးခက် ရင့်ကျက်လာတဲ့ အမျှ ပိုမို ကြည့်ကောင်းလာပြီး ပို၍လည်း ခပ်ထန်မာကြောလာတော့သည် ။
ရုံးခန်းထဲရောက်၍ စားပွဲရှိ ထိုင်ခုံး၌ ဘယ်ခြေကို ညာဘက်ပေါင်ပေါ်တင်လျက် ထိုင်လိုက်သည် ။ အတွင်းရေးမူးဆိုသူကလည်း သွေးခက်ရဲ. အရင်းအနှီးဆုံး သူငယ်ချင်းဖြစ်လေသည် ။

သူ.ရှေ.၌ မတ်တက်ရပ်နေတဲ့ အတွင်းရေးမူး ဆိုသူ သူငယ်ချင်းအား လှမ်းကြည့်လိုက်သည် ။
ခြေထောက်ကို ချိတ်ကာ ခုံးအား ထိုင်လျက်နဲ. ဟိုလှည့်ဒီလှည့်လုပ်နေတော့သည် ။

"ရိုင်း..ဟိုတခေါက်က မင်းပြောတယ်လေ ရှယ်ရာဝင်ချင်နေတယ်ဆိုတဲ့လူ သူက ဘယ်သူလဲ "

သွေးခက်အမေးကြောင့် ရိုင်း ကိုင်ထားတဲ့ လက်တော့စ်ကို ကြည့်ရင် ချက်ချင်းပင်ပြန်ဖြေလိုက်သည် ။

"RC2 company ရဲ. CEO ပါ ။ နာမည်က လွန်းခေတ် တဲ့ "

"သူ.က company ရဲ. CEO ဖြစ်ပြီး ဘာလို. ငါတို.ဆီမှာ ရှယ်ရာဝင်ရတာလဲ ။ စိတ်ဝင်းစာ စရာပဲ ။ ငါ့ကို သူ.အကြောင်း မင်းသိထားသမျှ ပြောပြနိုင်မလား "

🔞💔ကျွန်(slave)(complete) Donde viven las historias. Descúbrelo ahora