💔ကျွန်💔7💔 zg

2.3K 64 5
                                    

_
"ကား ဘာဖြစ်တာလဲ.. ကျွန်တော် ဘာကူညီရမလဲ "

ဒါ...သူ...သူ ဟိုကောင်လေး မှတ်လား..။

ဟုတ်ပါတယ် ။ သွေးခက်ပင် ။ ခဏတာ တွေ.ဆုံးခဲ့ရပင် ယခုချိန်ထိ ကောင်းကောင်းမှတ်မိနေဆဲပါ ။ သွေးခက်ရဲ. ကြီးထွားလာတဲ့ ခန္ဒာကိုယ်က ဝါဆိုထက်ကြီးနေတာမို. ဝါဆိုမှာ သွေးခက် ရင်ဘတ်သာသာရှိတယ် ။

သွေးခက်မေးနေတာလဲ ကြာပြီးမို. ဝါဆို လည်း စိတ်နဲ.လူနဲ.ပြန်ကပ်လိုက်သည် ။

"အာ.. ကားက ဆီကုန်သွားတာပါ.."

"သြော်..အဲ့ဒါဆို ဟိုရှေ.နားမှာ grageရှိတယ်လေ "

"ဟို ရှိတာ.. သိပါတယ် ။ ဒါပင်မဲ့..''

ဝါဆို ပြောမထွက်နိုင်ပါ ။ ဗိုသီဗက်သီဖြစ်နေတဲ့ ပုံစံကြောင့် မျက်နှာပူနေရတဲ့ကြား ပိုက်ဆံမရှိလို.ပါဆိုတာကို မည်သို. ပြောထွက်နိုင်မည်နည်း ။ အနည်းငယ်တော့ ရှက်မိတာပေါ့ ။

သွေးခက် ရိပ်မိလေသည် ။ပြောမပြပင်မဲ့ ဝါဆို ဘာကိုအပြောခက်နေလဲဆိုတာပေါ့ ။

"ပြောပါ.. ကျွန်တော် ဘာကူညီရမလဲ ၊ ပွင့်ပွင့်လင်းလင်း ပြောပါ "

မထူးပါဘူးလေ မပြောမပြီး ၊ မပြီးမနေသာ ဆိုသလို အခုချိန်မှာ ငါ့ကိုကူညီပေးတာ သူပဲရှိတာဆိုတော့ သူ.ပဲအကူညီတောင်းရတော့တာပေါ့ ။

ဝါဆို မျက်နှာပူပူနဲ.ပဲ ပြောထွက်ရတော့သည် ။

"ဒီလိုပါ အကိုညကအရေးတကြီးနဲ. ထွက်လာလိုက်တာ ပိုက်..ဆံမယူလာမိဘူး "

ရှက်နေတဲ့ပုံနဲ. မျက်လုံးလေးမှိတ်၊ ခေါင်းငုပ်ထားတဲ့ သူ.ရှေ.က အကိုဆိုတဲ့ အကောင်ပေါက်သေးသေးက ချစ်ဖို.ကောင်းနေတော့ သွေးခက်ပြုံးမိသည် ။

"ကျွန်တော် သဘောပေါက်ပါပြီး "

အပေါ်ကုပ် အင်္ကျီအတွင်းဘက်အိတ်ထဲက ပိုက်ဆံအိတ်ကိုထုတ်ကာ ငွေသုံးသောင်း ထုတ်ပေးလိုက်လေသည် ။

🔞💔ကျွန်(slave)(complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ