💔ကျွန်💔8zg

2.2K 65 6
                                    

ဝါဆို တယောက် သွေးခက်ကို တွေ.ရတာ အသားမကျသေးတာမို. အနေခက်မိတာတော့ အမှန်ပါ ။ သက်သောင့်သက်သာမရှိတာမို. သွေးခက်အပေါ် စကားမှားမှာကိုလည်း စိုးရိမ်မိသည် ။
သွေးခက်ကလည်း ခင်တာတောင် တစ်ပတ်မပြည့်သေးပါ ဆိုင်ကို ရောက်ရောက်လာတာက အကြိမ်ပေါင်း မရေတွက်နိုင်တော့ပါ ။ အိမ်ကြောင့် အပူတွေရှိနေတဲ့ သူမ ဘာကိုမှ မစဉ်းစားချင်မိတာအမှန်ပါ ။
ယနေ.လည်း ကော်ဖီသောက်ဖို.ဆိုပြီးလာပင်မဲ့   စကားပြောဖို. ခွင့်တောင်းလာပြန်တာမို. ဝါဆို မငြင်းနိုင်ခဲ့ပါ ။ အားနာစိတ်ကြောင့် သွေးခက်နဲ. ထိုင်ကာ စကားပြောပေးနေသည်။

"ဒါဆို ကျွန်တော် အကို.ကို ပြောပြစရာရှိတယ် ။ အကို လက်ခံမခံတော့ ကျွန်တော်မသိဘူး "

"ဘာလဲ ၊ ဘာမို.လဲ "

"ကျွန်တော် အကို.ကို သဘောကျတယ် ၊ ကျွန်တော့ကို လက်ခံပေးနိုင်မလား "

အချစ်အကြည့်တွေနဲ. ရွင်းလန်းတောက်ပနေတဲ့ သွေးခက်မျက်ဝန်းတွေ ။
မထင်မှတ်ပဲ ကြားလာရတဲ့ သွေးခက်စကားတွေက ဝါဆိုကို ပါးစပ်အဟောင်းသားဖြစ်စေသည် ။

"ဟို.. ဟိုလေ.."

ဝါဆို တွေဝေနေချိန် ဝါဆိုရှေ.ရောက်လာခဲ့တဲ့ သွေးခက်ရဲ. TK group ကဒ်။ ဝါဆို ကောက်ယူကြည့်လိုက်စဉ် TK group ကဒ်ကို သွေးခက် ဘာကြောင့်ပေးရတာလဲ ။

"ဒါက..?"

"ကျွန်တော်က TK group ရဲ. CEO ပါ "

ဝါဆို အံသြရပင်မဲ့ ဘာကြောင့်ဒီကဒ်ကို အခုလို အချိန်မှ လာပြရတာလဲ ။ သူဟာ TK GROUP ရဲ. CEOဖြစ်ကြောင်းကို ဘာလို.အခုမှ လာပြောပြနေရတာလဲ ။ ဝါဆို အတွေးတွေကို သိနေတဲ့ သွေးခက် ချက်ချင်းပင် ရှင်းပြရတော့သည် ။

"ကျွန်တော် အခုလိုပြောပြတာက ကျွန်တော့က TK group ရဲ. CEOဖြစ်လို. ပြန်ကြိုက်ပါလို. ပြောချင်တာဟုတ်ဘူးနော် ။ ကျွန်တော်က ဘယ်သူလဲဆိုတာ ကျွန်တော့သဘောကျနေရတဲ့သူကို အမှန်တိုင်းသိစေချင်တာပါ "

သွေးခက် ရဲ. စိတ်အရင်းအမှန်ကို ဝါဆိုလက်ခံလေသည် ။ ပါးစပ်ပေါက် ကြမ်းပင်မဲ့ ကောက်ကျစ်တတ်တဲ့သူမျိုးမဟုတ်တာမို. ဝါဆို ယုံကြည်လေသည် ။

🔞💔ကျွန်(slave)(complete) Where stories live. Discover now