💔ကြၽန္💔16💔 uni

3K 141 9
                                    

ပထမဦးဆုံးအကြိမ်မဟုတ်ပင်မဲ့လည်း ရင်တော့ ခုန်မိသား..။ ဘယ်တွေ စိတ်ကောင်းဝင်နေမှန်းမသိ။ ဒိတ်ဖို. ကမ်းလှမ်းလာတဲ့ သခင့်ကြောင့် ကျွန် မပြုံးပဲမနေနိုင်။ အစောကြီးထကာ သခင့်အတွက် မနက်စာပြင်ပေးပြီး ဒိတ်ဖို.အတွက် အဆင်းသင့်ပြင်ဆင်ထားလေရဲ. ။
.

"ကျွန်..ကျွန် "

.
အပြင်ဘက်က တံခါးခေါက်ကာ ခေါ်နေတဲ့ သခင့်အသံကြားရတော့ ကျွန် မှာပျာပျာသလဲ ။ အပြင်ထွက်ဖို. လာခေါ်သည့်အထင်နဲ. ပြေးထွက်တံခါးလာဖွင့်လိုက်သည်။ ထင်သည့်အတိုင်းပါ။ သခင်က အဆင်သင့်တောင်ဖြစ်နေပါပြီး ။
.

"ကျွန် မိုင် ကား accidentဖြစ်လို.တဲ့ ကျူပ်အခုဆေးရုံးလိုက်သွားရမယ် "

.
သခင့်ပုံစံက လုံးဝသွေးပျက်မတက် ၊ မိုင်ကို အတော်စိတ်ပူပန်နေပုံ ။

"ဒါဆို ငါတို. ဒိတ်ကရော "

''နောက်မှပေါ့ကွာ ၊ ကျူပ်အခုသွားရတော့မယ်.. ခင်များ အပြင်တွေ လျှောက်သွားမနေနဲ.အုံးနော် ။ ကျူပ်သွားပြီး "

''သခင် ! သခင်!  ''

.
တစ်ချက်ကလေးရယ်တောင် လှည့်မကြည့်ခဲ့ပါ။ အားလုံးပြင်ဆင်ထားပြီးကာမှ အကုန်အလကားဖြစ်ရကုန်ပြီး ။ လက်ထပ်ယူထားတဲ့ ခင်ပွန်းကို ပစ်ပယ်ပြီး သူစိမ်းကို ရွေးချယ်ခဲ့တဲ့အတွက် သခင့်ကို ခွင့်လွတ်စရာမရှိ။ကျလုဆဲ မျက်ရည်တွေကို အံကြိတ်ထားခဲ့ပင်မဲ့ ပြင်းထန်တဲ့ ခံစားချက်တွေကြောင့် ပါးပြင်တွေဟာ စိုစွတ်စေသည်။
.

ငါမင်းကို အကြိမ်ကြိမ် ခွင့်လွတ်ဖို.ကြိုးစားခဲ့တယ် ၊ ခွင့်လည်း ခွင့်လွတ်ခဲ့တယ်။ ဒီတစ်ခါတော့ ငါမင်းကို ခွင့်မလွတ်ပါရစေနဲ. သခင် ။

.
ကျန်နေရသူရင်ထဲကို သခင် တစ်ခါမှမငဲ့ကြည့်ခဲ့။ သခင့်အတွက် အမြဲလိုလို အရေးမပါသလိုဖြစ်နေရတဲ့ ကျွန် ။ နာကျည်းရပါတယ်..။

💔💔💔

ဆေးရုံးသို. အရိူန်အမြင့်ဆုံးတင်ကာ မောင်းထွက်လာခဲ့တဲ့ သခင် မိုင်တစ်မျက်နှာသာမြင်ခဲ့မိသည် ။

🔞💔ကြၽန္(slave)(complete) Onde histórias criam vida. Descubra agora