🔞💔ကြၽန္💔4🔞uni

8.1K 175 0
                                    

သွေးခက် တယောက် အကို ဖြစ်သူနဲ. TK group အဆောက်အအုံးထဲသို. ဝင်လာခဲ့လေသည် ။ အကိုဖြစ်သူက လူကြီးဆန်တဲ့ အပြင်အဆင်နဲ. ရင့်ကျပ်မူရှိပင်မဲ့ leather jecket အမဲရောင်နဲ. အပြဲအစများ ထုတ်နေတဲ့ အမဲရောင် jeans ဘောင်းဘီ နဲ. အမဲရောင် shoeကို လိုက်ဖက်စွာ ဝတ်လာလေသည် ။

ဒါထက် ပါးစပ်ထဲ ထည့်ထားတဲ့ ဆေးလိတ်ကို တဖွာချင်း ဆက်တိုက်ဖွာနေသေးသည် ။ တရုံးလုံးက အကိုဖြစ်သူကို ရိုသေကိုင်းရိူင်းကျပင်မဲ့ ပုံမကျ တောင့်မကျိူးတဲ့ သွေးခက်ကိုတော့ မျက်စိ စပယ်မွှေးစူးလေသည် ။

နှာခေါင်ရူပ်ပြီး အတင်းတုတ်နေသံတွေကို သွေးခက် ကြားလျှင် အလွတ်မပေးတတ် ။မိန်းခလေး ဖြစ်နေပါစေ ၊ သူ.ထက်အသက်ကြီးနေပါစေ အလွတ်မပေးပါ ။လက်ဖြင့်ရွယ်ကာ ရိုက်ရန်အပြင် အကိုက လှမ်းတားလိုက်တော့သည် ။

ဘယ်သူ၊ဘယ်ဝါကိုမှ ဂရုအစိုက် ၊အလေးမထားပင်မဲ့ အကိုဖြစ်သူ စကားတစ်ခွန်းကသာ သူအတွက် အမိန်.တခုလိုပါပဲ ။

အကိုကလည်း သွေးခက်ပါးစပ်ခဲမှ ဆေးလိတ်ကိုယူကာ အမိူက်ပုံထဲ ပစ်ထည့်လိုက်ပြီး လက်ကို ဆွဲကာ ရုံးခန်းထဲ ခေါ်လာခဲ့တော့သည် ။ ရုံးခန်းထဲရောက်တော့ အသင့်ရှိနေတဲ့ အတွင်းရေးမူူးမလေးအား သွေးခက် သတိထားမိသွားသည် ။
အကိုက အခန်းတံခါးအား လော့ချပေးနေလေသည် ။ နောက်မှအနားကို လာလေသည်။

"ညီ မင်းဘယ်လိုလုပ်လိုက်တာလဲ ၊ မင်းအခု လုပ်လိုက်တာက မိန်းခလေးတွေနော် "

"ကိုကိုကလဲ  သူတို.ပြောနေတာတွေကျတော့ရော "

"သူတို. ပြောနေတာ ဘာမှားလို.လဲ ၊ မင်းပုံစံကိုက ပြောစရာဖြစ်နေတာလေ "

"ကိုကို  !!"

ဘယ်သူ၊ဘယ်ဝါမှန်း မသိတဲ့ သူစိမ်းမိန်းမ တယောက်ရှေ.မှ သူ.အား ဆူငေါက်နေတဲ့ အကိုအား စိတ်ဆိုးမိသည်။ထိုအမျိူးသမီးကလည်း အလိုက်မသိ ။
ရပ်ကြည့်နေသေးသည် ။

"မင်း ဘာမှဆက်မပြောနဲ.တော့ သွေးခက် ၊ နောက်ဆို မင်းရုံးကို လိုက်မလားခဲ့နဲ.တော့ "

🔞💔ကြၽန္(slave)(complete) Where stories live. Discover now