💔ကြၽန္💔end uni

5.9K 199 19
                                    

အနှာင်အဖွဲ့များတွေက ကြာလာလေ ပိုဆိုးလေဖြစ်လာပါတော့တယ် ။
မိုးရေတွေ ချစ်သူကို ကယ်ဖို.ကြိုးစားနေတဲ့ သခင့်အား အပေါ်ထပ်မှ လှမ်းငေးကြည့်ရင် ထိန်းထားသမျှ မျက်ရည်တွေက တသွင်သွင်စီးကျနေလေသည်။

ငယ်ငယ်လေးထဲ သူတို.ရင်ခွင်ထဲ၌သာ ကြီးပြီးလာတဲ့ ပန်းရိုင်းရဲ. နာကျင်မူတွေကို အိမ်တော်ထိန်းတို.သည်လည်း ရင်နှင့်အမျှ ခံစားရလေသည်။

"မမလေး..မမလေးဘာဆက်လုပ်မလဲ "

အိမ်တော်ထိန်းရဲ. မေးခွန်းပြန်မဖြေသေးပဲ လက်ထဲက ကားသော့လေးကိုငေးကြည့်နေမိသည်။ နောက် ထိုကားသော့အား အိမ်တော်ထိန်းအား လှမ်းပေးလိုက်သည်။

"သူတို.ကို ဆေးရုံးလိုက်ပို.ပေးဖို. တစ်ယောက်ယောက်ကို ခိုင်းလိုက်ပါ "

''မမလေး မမလေး သွေးခက်ကို လက်လွတ်လိုက်ပြီးလား "

မိုးရေးထဲ၌ ကျွန်.ကိုကယ်ဖို. ကြိုးစားနေတဲ့ သွေးခက်ကို ငေးကြည့်ရင် သွေးခက်ကြောင့် ကျလာရတဲ့ မျက်ရည်တွေကို မသုတ်ရက်နိုင်ပါ။

"ပန်းရိုင်းက စွန်.လွတ်လိုက်တာမဟုတ်ပါဘူး ၊ ပန်းရိုင်းကိုသာ စွန်.ပစ်သွားတာပါ။ ဝါဆိုပြေညသလိုပါပဲ ။ ပန်းရိုင်း အခုလိုတွေထိ လုပ်နေခဲ့တာတောင် သွေးခက်ဘက်က တစ်ချက်လေးတောင် ပြန်မကြည့်ခဲ့ဘူး။ သူ ပန်ရိုင်းကို ဘယ်တော့မှ ချစ်မလာနိုင်မှတော့ သူပျော်နေတာပဲ မြင်ချင်မိတော့တယ်။ ကဲပါ ဝါဆိုကို အခိျန်မီကယ်နိုင်​အောင် ကူညီပေးလိုက်ပါ "

'ဟုတ်ကဲ့ မမလေး "

''ခဏ ဒေါ်ကြီး "

ထွက်သွားလုလု ဒေါ်ကြီး အားလှမ်းတားလိုက်လေသည်။

"ပန်းရိုင်း လုပ်ထားတဲ့ အပြစ်တွေ အတွက် ပန်းရိုင်း ပြန်ပေးဆပ်ရမှာပေါ့ ။ ဝါဆိုကို ဆေးရုံးပို.ဖို.လုပ်ပြီးသွားရင် ရဲတွေခေါ်လိုက်ပါ "

ဒေါ်ကြီး ကြောင်အံအံဖြစ်ပြီး လန်.တတဖြစ်မိ။

"မမလေး ဆုံဖြတ်ပြီးပြီးလား "

You've reached the end of published parts.

⏰ Last updated: Dec 15, 2021 ⏰

Add this story to your Library to get notified about new parts!

🔞💔ကြၽန္(slave)(complete) Where stories live. Discover now