💔ကျွန်💔15(part-1)💔Zg

1.6K 50 2
                                    

မခမ်းနားပင်မဲ့ လှပပါတယ်..။ ကျွန်တော်က လူကောင်း တစ်ယောက် မဟုတ်သလို ခင်များရဲ.ခင်ပွန်းတစ်ယောက်အနေနဲ.လဲ ခင်ပွန်းကောင်းတစ်ယောက်မဟုတ်ပြန်ဘူး ။ သို.သော် ကျွန်တော့အချစ်တွေသည် စစ်သည် ။ ချစ်တယ် ကျွန်..

15

နေလုံးကြီးက ပူပြင်းတောက်ပစွာ အနောက်ဘက်သို. ဦးတည်ရွေ.လျားလာသည် ။ကျေးငှက်တို.က ကျွန်အခန်းရဲ.ဝရံတာ၌ တေးသံသာသာ တွန်းမြူးနေလေသည် ။
မှောင်မဲသောအခန်းထဲရောက်နေသလား အောင့်မေ့ရသည်။ သတိစိတ်ရှိလာသောလည်း ခန္ဒာကိုယ် တစ်ခုလုံးထုံရီနေပြီး ခေါင်းမိုးမျက်နှာကျက်သည်က မူန်ဝါးဝါးရယ် ။

သက်ပြင်းပျပျလေးတစ်ချက်ချရင်း သူ.လက်အား တင်းကြပ်စွာဆုပ်ကိုင်ထားတဲ့ လက်တစ်စုံ ။ ကျွန် လှမ်းကြည့်မိသည် ။ကုတင်ပေါ် ခေါင်းတင်အိပ်ပျော်နေသော သခင်။ တစ်ညလုံးမအိပ်ရသေးပုံပါ။ သခင့်လက်ထဲက သူ.လက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည် ။ လက်တစ်ခုလုံးလည်း ချွေးတွေ ရွဲ.လို.ရယ် ။

သခင်က အတ္တတွေ၊ဒေါသတွေနဲ. အမြဲပြည့်နေတတ်သည် ။ ဒါပြင် သခင်ကလောဘလည်းကြီးသေးသည် ။
အချစ်ရဆုံးသူတွေကို ဆုံးရူံးလိုက်ရပြီးနောက်ပိုင်း သူ.ပိုင်ဆိုင်တဲ့အရာတွေကို ထပ်ဆုံးရူံးရမှာကြောက်လာခဲ့တယ် ။ပြီးတော့
ကျွန်တော်က သခင့်ရဲ.နောက်ဆုံး ပိုင်ဆိုင်မူတစ်ခုဆိုတာ ကျွန်တော်သိလိုက်ရတယ် ။

ငါမင်းကို မစွန်.ပစ်သွားပါဘူး သခင် ။

အိပ်ပျော်နေတဲ့ သခင့်ပါးပြင်​လေး​ပေါ်သို. ကျနေတဲ့ ဆံနွယ်လေးများကို အပေါ်သို.သပ်တင်ပေးလိုက်လေသည် ။

ကျွီး...

အခန်းတံခါး ဖွင့်သံကြောင့် ကျွန်လက်ကို ပြန်ရုတ်သိမ်းလိုက်ကာ တံခါးရှိရာသို. လှမ်းကြည့်လိုက်သည်။ တံခါးဖွင့်၍ဝင်လာတဲ့ ဒေါက်တာနဲ. သူနာပြုမလေးကြောင့် သခင်လည်း နိုးလာခဲ့သည် ။ သတိရနေပြိးဖြစ်တဲ့ ကျွန်.ကိုမြင်တောင် သခင်ဝမ်းသာအားရဖြစ်မိ။

"ကျွန် ခင်များနိုးနေပြီးလား "

''အွန်း "

🔞💔ကျွန်(slave)(complete) Onde histórias criam vida. Descubra agora