💔ကြၽန္💔11(part-1) uni

3.4K 156 11
                                    

စိတ်ရူပ်မူ ၊မွန်းကြပ်မူတွေနဲ. ကားပေါ်က ဆင်းလာခဲ့တဲ့ သွေးခက် ။ဝါဆိုလက်ကိုဆွဲပြီး ပြန်မလာဖြစ်တာကြာပြီးဖြစ်တဲ့ အိမ်ဆီသို. ရောက်လာခဲ့လေပြီး ။ မင်္ဂလာဆောင်နေ.မှာ ကြီးမားတဲ့ စိတ်ရူပ်မွန်းကြပ်မူတွေနဲ. ရှိနေတဲ့ သူ.ကိုယ်သူကိုလဲ ဒေါသဖြစ်မိသလို ဝါဆိုကိုလည်း အားနာမိသည်။

ဘယ်လောက်ပဲ ဝါဆိုကို ယုံကြည့်ပါတယ်ဆိုပင်မဲ့ သူသိထားတဲ့ အကြောင်းအရာကြောင့် စိတ်မဖြောင့်နိုင်ပါ ။
သွေးခက်အိမ်ကို ပထမဆုံးရောက်ဖူးတာမို. ဝါဆိုတော့ အထူးအဆန်းလုပ်ကာ အိမ်ကြီးအား ပတ်ကြည့်နေသည်။

ပျော်ရွှင်နေတဲ့ ဝါဆိုကို သူ.မေးခွန်းကြောင့် စိတ်အနှောင့်ယှက်မဖြစ်စေချင် ။ သူ.ကိုယ်တိုင်တော့ စိတ်ရူပ်နေရသည်။

သွေးခက်ရဲ. လူပျိူပေါက်စအရွယ်က သူ.အကိုနဲ.တွဲရိုက်ထားတဲ့ ပုံကိုကြည့်ရင်း ဝါဆိုသဘောကျမိသည် ။ သူ.ပထမဦးဆုံး သွေးခက်ကို တွေ.ခဲ့ချိန်လေးကိုသတိရမိသည်။ ကားရှေ.ကိုစက်ဘီးနဲ. ဖြတ်ဝင်လာတဲ့ ကောင်လေး ။ သူ.ကို ကပ်ကပ်လန် ရန်တွေ.သွားတဲ့ ကောင်လေးက အခုသူသိပ်ချစ်ရတဲ့ သူဖြစ်နေတာမို. သဘောကျပျော်ရွှင်၍မဆုံး ။

ဧည်ခန်းဆိုဖာပေါ်၌ ငေးငိုင်စွာ ထိုင်နေတဲ့ သွေးခက်အား ဝါဆိုသတိထားမိသွားကာ သွေးခက်ဘေးသို.ချေးကပ်သွားလေသည်။

"သွေးခက် မင်းဘာဖြစ်နေတာလဲ.. ။ ဘာစိတ်ရူပ်စရာရှိလို.လဲ "

သူမမေးဘူးလုပ်ထားပင်မဲ့ အတည်ပြုချင်လာမိပြန်သည် ။ သူ အခုလိုဖြစ်မနေသင့်ဘူးဆိုတာ သိပင်မဲ့ စိတ်ထဲခုနေမူကြီးက နေမထိထိုင်မသာပါ ။ ညိုငယ်စွာသော်ကြည့်တွေနဲ. ဘေးရှိ ဝါဆိုမျက်နှာလေးကို ငေးကြည့်ရင်း..။

"ကျွန်တော် အကို.ကို မမေးသင့်ဘူးဆိုတာ သိပါတယ်၊ အခုလို မတွေးသင့်ဘူးဆိုတာ သိပါတယ် ဒါပင်မဲ့ ကျွန်တော် အတည်ပြုကြည့်ချင်တယ် "

သွေးခက် စကားကြောင့် ဝါဆို စိတ်မကောင်းဖြစ်မိသည်။ ဘာကြောင့်အခုလိုဖြစ်နေလဲဆိုတာမသိပင်မဲ့ သွေးခက်အခုလိုဖြစ်နေရတာ သူ.ကြောင့်ဆိုတာကို သိလိုက်ရသည်။

🔞💔ကြၽန္(slave)(complete) Where stories live. Discover now