💔ကြၽန္💔part-2💔uni

3K 130 10
                                    

"ကျွန်  !! ''

နာမ်စားတစ်ခု ။ ရေရွတ်ထွက်ကျလာတဲ့ သခင့်နူတ်ဖျားက နာမ်စားတစ်ခုက ထိုနေရာက ကိစ္စကိုပိုကြီးထွားသွားစေသည် ။ လူတစ်ယောက်လုံးမူးလဲနေတာတောင် မကူညီပေးသည့်အပြင် ဓာတ်ပုံကိုအလုအယက်ရိုက်နေလိုက်ကျတာများ ။ ထိုလူတွေကို သခင်ဒေါသဖြစ်ချင်ပင်မဲ့ ဒေါသမဖြစ်နိုင်သေး။ စိတ်တိုနေပင်မဲ့ စိတ်ကိုထိန်းရင်း​ မြေပြင်ပေါ်က ကျွန်.ကိုပွေ.ချီကာ ဆေးရုံးထဲ ပြေးဝင်သွားတော့သည်။

part-2

"ဒေါက်တာ ဒေါက်တာ ကူညီကျပါအုံးဗျာ..ဆရာမ "

ဆေးရုံးထဲပြေးဝင်လာတဲ့ သခင် ရင်ခွင်ထဲ ကျွန်.အား ထွေးပွေ.လျက် တွေ.ရာလူအကူအညီတောင်းနေမိသည်။ ကံကောင်းချင်တော့  family doctor က ဂျူတီမဝင်ရသေးပါ။

"အကိုလေး ဝါဆို ဘာဖြစ်လာတာလဲ "

''မသိဘူး မီဒီယာသမားတွေရောက်လာရော သူ လဲကျသွားတာ "

"အရင်ဆုံး အခန်းထဲအရင်ဝင်ရအောင် "

စောစောကမှ ထွက်လာခဲ့တဲ့ အခန်းလေးထဲ တစ်ဖန်ပြန်ရောက်လာခဲ့ပြန်သည် ။ ကျွန်အား ကုတင်ပေါ်သို. နေရာချပေးလိုက်ပြီး သခင် နောက်သို.ဆုပ်နေပေးလိုက်သည်။ ဒေါက်တာကဝင်ရောက် ဝင်ရောက်စမ်းသပ်ပေးလေသည် ။

" စိတ်ပူစရာမရှိတော့ပါဘူး အကိုလေး ၊ စိတ်လူပ်ရှားသွားလို. ရှော့စ်ရသွားတာပါ "

''သတိရော ရရဲ.လား ဒေါက်တာ"

''ခဏနေ သတိရလာပါလိမ့်မယ် အကိုလေး။ ဆေးရုံးဆင်းဖို.ကိုလည်း ကျွန်တော်ကြည့်စီစဉ်ပေးပါ့မယ် "

''ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးတင်ပါတယ် "

''ဒါဆို ကျွန်တော့ကို ခွင့်ပြုပါအုံး ။ ဂျူတီဝင်ရမှာမို. "

''ဟုတ်ကဲ့ "

ဒေါက်တာသွားသည်နှင့် ကုတင်ပေါ်ရှိ ကျွန်ဘေးသို.ကပ်ကာ လက်ကလေးများဆုပ်ကိုင်ထားလေသည်။ ကျန်လက်တစ်ဖက်ကလည်း နှာထင်စပ်ကဆံနွယ်ကလေးများကို သပ်တင်ပေးရင် ဖြူဖပ်ဖြူလျော်နဲ.ကျွန်မျက်နှာကလေးကို ငေးကြည့်နေမိသည် ။ ထိုအချိန် အိတ်ကပ်ထဲက ဖုန်းမြည်သံကြောင့် ကျွန်.အနားကခွာကာ အခန်းအပြင်ဘက်သို. ထွက်လာခဲ့သည်။ အခန်းအပြင်ဘက်ရောက်မှ ဖုန်းကိုင်လိုက်လေသည်။

🔞💔ကြၽန္(slave)(complete) Where stories live. Discover now