🔞💔ကျွန်💔9🔞zg

2.7K 59 1
                                    

ချစ်ကြိုးတွေ သွယ်တယ် ။မေတ္တာတွေနဲ. ရစ်ပတ်ချည်နှောင်မယ် ။ ဘယ်သောအခါမှ ဒီလူသားနဲ. မဝေးချင်ဘူး ။

9

"အကို ကျွန်တော်တို. တွဲတာ တစ်လတောင်ပြည့်တော့မယ် "

သွေးခက်နဲ. ဝါဆို တွဲလာခဲ့သည့် အချိန်မှာ တစ်လတောင်ပြည့်ပါတော့မည် ။ဝါဆိုလည်း သူ.အပိုင် အိမ်ပေါ်က ဆင်းပေးလိုက်ရပြီးတော့ သွေးခက် ပိုင်တဲ့ ကွန်ဒိုမှန် မသိပဲ နေနေခဲ့လေသည်။ တခါတလေ သွေးခက်ကွန်ဒိုကို လိုက်လည်တတ်သည် ။

ယခုလည်း သွေးခက်ကွန်ဒိုရဲ. ဧည်ခန်ထဲ ရှိနေပြီး သွေးခက်ကတော့ ဝါဆိုပေါင်ကို ခေါင်အုံးကာ ချွဲစိန်လေး လုပ်နေလေရဲ. ။

သွေးခက်ရဲ. ဆံနွယ်အိအိလေးတွေကို လက်ဖြင့်ဆော့ကစားနေတဲ့ ဝါဆို ။ သွေးခက် အခုလိုရှိနေရသည်ကို ကျေနပ်နေမိသည် ။

"အွန်း.. သဘက်ခါဆို တစ်လပြည့်ပြီး "

"ကျွန်တော်လေ အဲ့နေ.ကျရင် အကို.ကို လက်ဆောင်ပေးစရာရှိတယ် "

"သွေးခက်က ပြင်ဆင်ထားတာ ရှိလို.လား ၊"

"ရှိတာပေါ့ အဲ့နေ.ကျရင် အကို ဆိုင်မသွားရဘူး ။ အဲ့တစ်ရက်လုံးကို ကျွန်တော့ကို အချိန်ပေးရမယ် နော် "

ဆိုင်ကို မသွားလို.ကမရပင်မဲ့ သွေးခက်က ပိုအရေးပါတာမို. သွေးခက် ကိုသာ ဦးစားပေးရတော့သည် ။

"အွန်းပါ ၊မင်းသဘောလေ..ဒါပင်မဲ့ ငါဘက်က ဘာမှမပြင်ဆင်ရသေးတော့ တမျိုးပဲ ။ မင်းအဲ့နေ.ဘာလိုချင်လဲ "

သွေးခက် အလိုချင်ဆုံး၊အတောင်းတဆုံးကတော့ တခုထဲပါ ။

"အကို တကယ်ပေးမှာလား.. ၊ ကျွန်တော်လိုချင်တာကိုလေ "

"ပေးမှာပေါ့ မင်းက ဘာလိုချင်တာလဲ "

ပျော်ရွှင်ဝမ်းမြောက်စွာနဲ. ဝါဆို ပေါင်ပေါ်ခေါင်အုံးထားရာမှ ထထိုင်လိုက်သည်။ အနီးကပ်ဆုံး ဝါဆို မျက်ဝန်းများကို စိုက်ကြည့်နေပုံက လိုချင်တာရ၍ ပျော်ရွှင်နေတဲ့ ကလေးတယောက်လို ။

🔞💔ကျွန်(slave)(complete) Opowieści tętniące życiem. Odkryj je teraz