၁ ။

4.2K 324 36
                                    

"အချစ်ကျမ်းစာအုပ်" ၏ ပထမ အပိုဒ်ခွဲ

“မင်းမှန်တယ်လို့ မျက်ကန်းစုံမှိတ်ယုံကြည်နေမဲ့အစား ချစ်သူရဲ့ ဒေါသ ငြိမ်ကျသွားစေဖို့ အမှားတွေကို ဝန်ခံလိုက်တာက အမြှော်အမြင်ရှိရာကျတယ်၊ မင်းချစ်သူ ဒေါသထွက်နေချိန် ‘ဒါတွေအကုန်လုံး ကိုယ့်အမှားတွေပါ’ လို့ ပြောပြီး တာဝန်အပြည့်ယူကာ ပြဿနာကို ဖြေရှင်းပါ”

ယနေ့ လုမင် တစ်စုံတစ်ရာဖြစ်နေကြောင်း အားလုံး သိကြသည်။

ယနေ့သည် နှစ်ပတ်လည် ဒေသခံ underground battle ပြိုင်ပွဲဖြစ်ပြီး သူတို့အခြားသူ ရှာမရ၍ လုမင်ကိုသာ DJ သမားလုပ်ခိုင်းရတော့၏။ လုမင်သည် အမြဲတစေ အင်မတန် တက်ကြွနေတတ်သည်။ သို့တိုင် အကြောင်းရင်း တစ်ခုခုကြောင့် ယနေ့တော့ အနည်းငယ် နွမ်းချိနေလေ၏။ တူညီသောလက်နွှေးသီချင်းကိုလည်း ထပ်တလဲလဲဖွင့်ကာ ပရိသတ်များထံမှပင် မကျေမနပ်ပြောဆိုမှုများ လက်ခံရ‌ရှိတော့သည်။ ပြိုင်ပွဲ တရားဝင်စတင်‌ချိန် လုမင်သည် ပို၍ပင် စိတ်မပါတော့ပေ။ ပြိုင်ပွဲဝင်တစ်ယောက် ကွင်းထဲတွင် အသင့်ဖြစ်နေသော်ငြား "DJ drop the beat" ဟု ပြောသည့်နောက်မှာပင် အသံထွက်မလာပေ။ အချိန်သည်ရပ်တန့်နေသည့်ပမာ။ စက္ကန့်အနည်းငယ် ကြာတော့မီသာလျှင် လုမင် သီချင်းကို စတီးတော့သည်။

ပြိုင်ပွဲပြီးနောက် လုမင် သူငယ်ချင်းအုပ်တစ်အုပ်နှင့် အတူအပြင်ထွက်ခဲ့သော်ငြား အရင်သောက်သည်ကလွဲ များများစားစားမပြော။ သူနည်းနည်းထွေလာချိန်တွင်တော့ စကားများသွက်စပြုလာသည်။

"မင်ကော ဘာဖြစ်တာပါလိမ့်" သူငယ်ချင်းတစ်ယောက်က မေးလာသည်။
"မင်း ငါတို့မရီးနဲ့ စကားများခဲ့တာလား"

ဒီစကားက လုမင်ဒေါသကို ဆွပေးလေသည်။ သူက ခွက်ထဲမှ ဝိုင်ကို မျှောချလိုက်ငည်။
"ဘာမရီးလဲ၊ သူ့အကြောင်း နောက်ဆို ငါ့ကိုမပြောနဲ့တော့၊ ငါတို့ကွာရှင်းလိုက်ပြီ!"

သူတို့သေချာပေါက် ရန်ဖြစ်ထားကြတာပဲ။

"ဒီတစ်ကြိမ်ရော ဘာဖြစ်တာလဲ" သူ့သူငယ်ချင်းက ချက်ချင်း စိတ်ဝင်စားသွားလေသည်။
"မင်းတို့ကလည်း လက်ထပ်ပြီး နေ့တိုင်းရန်ဖြစ်နေတော့တယ်၊ မင်းလည်းမင်းပဲ၊ သူ့ပေါ်တစ်ကြိမ်လေးတောင် နူးညံ့ပေးလို့မရဘူးလား"

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now