၁၃ ။

603 126 19
                                    

[Unicode]

"အချစ်ကျမ်းစာအုပ်" ၏ တေရသမ အပိုဒ်ခွဲ

“အချစ်ဆိုတာ အရည်အချင်းမလိုအပ်ဘဲ အချစ်လိုအပ်တာပါ၊ တကယ်တော့ မေးခွန်းတိုင်းအတွက် တိကျတဲ့အဖြေမရှိပေမဲ့ မင်းသာ သူ့ကိုဆက်ချစ်သေးရင် မင်း အမြဲ အဖြေရှာနိုင်ပါတယ်”

လျန်ယဲ့ရှန်း လုမင်ကို ခဏစောင့်နေပြီးနောက် နောက်ထပ်ဖုန်းဝင်လာသည်။ ဒီတစ်ကြိမ်ကတော့ သူတကယ်ကိုစကားမပြောချင်သည့် လူထံမှဖြစ်နေသည်။
  
ဝူဟန်ဖြစ်ပြီး တတိယဆေးရုံရှိ လျန်ယဲ့ရှန်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သည်။

  "အလုပ်များနေလား"

လျန်ယဲ့ရှန်း သိပ်ပြီးအလုပ်မများသော်ငြား အရင်လုပ်ဖော်ကိုင်ဖက်ဟောင်းနှင့် စကားစမြည်ပြောရလောက်အောင်လည်း အားယား‌မနေ‌၍ ဘာကိစ္စလဲသာ တန်းမေးလိုက်သည်။

  "မင်းကငါ့ဖုန်းကိုချဖို့ဆို အမြဲ လောနေတယ်လို့ ခံစားရတယ်" ဝူဟန်ကပြုံးလိုက်သည်။
"မင်းအရင်ခုံကို ငါသုံးဖို့ရွှေ့လာကြတယ်၊ မင်းအံဆွဲထဲကျန်ခဲ့တဲ့ ပစ္စည်းတစ်ခုရှာတွေ့လို့၊ ငါမင်းဆီ ယူလာသင့်လား"

  
လျန်ယဲ့ရှန်းငြင်းမည်ကို သိသည့်နှယ် ဝူဟန်ကထပ်ပေါင်းပြောလိုက်သည်။
"ကိစ္စမရှိဘူး၊ ငါ ဥယျာဉ်ပြာနဲ့လမ်းကြုံလို့ မကြာခင် အဲကိုရောက်မယ်၊ တံခါးသာဖွင့်ပေး၊ ငါမင်းဆီ ယူလာခဲ့မယ်"

  ဒီအခိုက်အတန့်တွင် လျန်ယဲ့ရှန်း ဆက်ပြီးမငြင်းနိုင်တော့ပေ။ သူဘာကျန်ခဲ့လဲလည်း သတိရသွား၍ တခြားသူလက်ထဲတွင် ထားခဲ့ရန် မကောင်းလှပေ။

  "ငါဆင်းလာပြီး လာယူမယ်၊ ကျေးဇူးပဲ"

ဝူဟန်က တကယ်ကို ဒီနေရာသို့လာသည့်လမ်းတွင်လာခဲ့ခြင်းပင်။ မိနစ်အနည်းငယ်မှာတင် အောက်ထပ်ရောက်လာခဲ့သည်။ သူ လျန်ယဲ့ရှန်းကို ပစ္စည်းပေးပြီး ပြောလေသည်။
"ငါ မေ့တော့မလို့၊ ကားထဲရောက်နေတာဆိုတော့ ငါ့ဇနီးမြင်သွားတယ်လေ၊ သူက ထွင်းထားတာအရမ်းကောင်းတာမို့ ချစ်ရတဲ့သူအတွက်ပဲနေမှာလို့ပြောတယ်၊ ဒါကြောင့် မင်းဆီယူလာဖို့ အချိန်ပေးတာကောင်းမယ်တွေးတာ"

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now