၂၀ ။

554 98 11
                                    

[Unicode]

        ဒီလောကကြီးထဲတွင် လူအချို့သည် ပိုက်ဆံက သေခြင်းတရားမှလွဲလျှင် အရာအားလုံးကို ဖြေရှင်းနိုင်သည်ဆိုသော ထင်ယောင်ထင်မှားမှု အမြဲရှိကြသည်။ မဖြေရှင်းနိုင်လျှင် ပြဿနာက ပိုက်ဆံမလုံလောက်၍ ဖြစ်သည်။ ဒါက သေချာပေါက်ကို မှားယွင်းသော သီအိုရီဖြစ်ချေ၏။

  ဒါပေမဲ့ တစ်ဖင်တွင် အချိန်အများစု၌ ဒီသီအိုရီသည် အတိုက်အခံမရှိ တည်မြဲနေလေသည်။ ဒီလောကကြီးထဲရှိ ခက်ခဲသော ပြဿနာများ၏ ၉၉ရာခိုင်နှုန်းတွင် အလုပ်ဖြစ်၍ သီအိုရီတွင် တကယ်တော့အမှားတစ်စုံတစ်ရာမရှိဟု လူများကို တွေးမိစေသည်။ လူတစ်ယောက် သူ့ဇနီးကိုရှုံးသွားတော့မှ အရာအားလုံးကို ပိုက်ဆံနှင့်ဖြေရှင်းရန် နောက်ကျသွားပြီမှန်း သဘောပေါက်ကြတော့သည်။

  "အဲဒါကြောင့် မင်း တောင်ပေါ်ကနေ ဆင်းလာတာလို့ ငါ ခဏခဏသံသယဖြစ်မိတာ" ရွှီဖန်းရွှိက ပြောလေသည်။
"စာဖဖဖ,,<¥<¥€€€¥£¢%≤£££_မသင်နိုင်ဘဲ အမှိုက်ကောက်လို့ အထင်သေးခံရတဲ့ ဆင်းဆင်းရဲရဲ ကျောင်းသားလေးတွေလိုပဲ၊ အတော်လေးသနားဖို့ကောင်းတာလေ၊ အဲတော့ သူတို့က အတွေးအခေါ်တွေ လွဲချော်ကုန်ပြီးတော့ တခြားသူတွေ သူတို့ကို မော်ကြည့်လာအောင် ပိုက်ဆံရှာမယ်ဆိုပြီး ကတိကဝတ်ပြုကြပါလေရော၊ မဟုတ်ရင် မင်းအခုလုပ်နေတဲ့ပုံကိုကြည့်ဦး၊ မင်းပခုံးပေါ် အချိန်အများကြီးရှိနေတာလား"

  သိသာလှစွာပင် လျန်ယဲ့ရှန်းသည် ဒီလိုစိတ်ဝေဒနာရှင်အမျိုးအစားမဟုတ်ပေ။

  "မင်းကို စကားပြောဖို့ ဘယ်သူမှမပြောရင် ပါးစပ်ပိတ်ထား"

  "ကျေးဇူးမသိတတ်လိုက်တာ" ရွှီဖန်းရွှိ နှုတ်ခမ်းဆူပြီး လျန်ယဲ့ရှန်းနှင့် စကားဝိုင်းဆက်ရန်ကိစ္စကို လက်လျှော့လိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူနှင့်လျန်ယဲ့ရှန်းက မိတ်ဆွေမျှသာဖြစ်ပြီး ထို ၁ရာခိုင်နှုန်းချွင်းချက်၏ အစိတ်အပိုင်းမဟုတ်ချေ။ ပြီးတော့ ပိုက်ဆံကလည်း သူ့အတွက် တကယ်အသုံးဝင်သည်။
"မင်းမှာ ပြဿနာရှိပေမဲ့ ငါမင်းကိုကျေးဇူးတင်ချင်သေးတယ်၊ အရင်တစ်ခေါက်က မင်းငါ့ကို အဲရှယ်ယာဝယ်ဖို့ညွှန်းခဲ့တာလေ၊ အခုတလော ဈေးကွက်က အရူးအမူး မြင့်လာတာ မင်းသိရဲ့လား၊ ရှယ်ယာနတ်ဘုရားကြီး၊ မင်း ငါ့ကို နောက်တစ်ကြိမ်လောက် လမ်းမှန်လေး ပြနိုင်မလား"

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now