၅ ။

996 177 13
                                    

"အချစ်ကျမ်းစာအုပ်" ၏ ပဉ္စမ အပိုဒ်ခွဲ

“ချစ်သူတွေက သူတို့ ကိုယ်ပိုင် နေထိုင်မှု နေရာလပ်ရှိရတယ်၊ အလွယ်တကူ မနာလိုချင်းဟာ ဆိုးဝါးတဲ့ ခံစားချက်ပဲ၊ မင်းလုံးဝဂရုမစိုက်တဲ့အကြောင်းနဲ့ မင်းကိုအဖော်ပြုပေးဖို့ မင်းကိုအဖော်ပြုပေးဖို့ မလိုအပ်တဲ့အကြောင်း ပြသင့်တယ်၊ ဒါမှ မင်းချစ်သူ ဘာကိုမှမစိုးရိမ်ဘဲ သူတို့သဘောကျနေရာဆီသွားနိုင်မှာ”

"ရှစ်ဆယ် ရာခိုင်နှုန်း" လုမင် ရုတ်တရက် ပြောလာ၏။

"ဘာရှစ်ဆယ်ရာခိုင်နှုန်းလဲ"
ကောချန်းချန်းက ဂိမ်းဆော့နေရင်းကနေ မော့ကြည့်သည်။

"တစ်လောက ဒီ ဒေတာအချက်အလက်တွေကို ငါတွေ့ခဲ့တာ၊ လူမှုဗေဒပညာရှင်တစ်ယောက်ရဲ့ အချက်အလက်တွေအရ အချစ်အတွက် လက်ထပ်ကျတဲ့ စုံတွဲ ၈၀ရာခိုင်နှုန်းက မပျော်မရွှင်ခံစားရပြီးတော့ အသက်အရွယ်ကြောင့် ဒါမှမဟုတ် မိသားစုဖိအားပေးမှုကြောင့် လက်ထပ်ခဲ့တဲ့ စုံတွဲ၈၀ရာခိုင်နှုန်းကတော့ အတော်လေးပျော်ရတယ်တဲ့"

  
"အဲတော့ နင့်အခြေအနေကို နင်ဘယ်လိုထင်လဲ"
ကောချန်းချန်း ထပ်မေးလိုက်ပြန်သည်။

လုမင် ခေါင်းကို ကုတ်ရင်း ဝေခွဲမရအကြံအိုက်နေ၏။
"ငါမသိတော့ပါဘူး၊ အတော်လေးပျော်ခဲ့တယ်လို့တော့ ခံစားရတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ခဏခဏရန်ဖြစ်ခဲ့တာ၊ ငါက အခုဒေါသထွက်ရင်တောင် နောက်တစ်နေ့ မေ့သွားရောလေ၊ ဒါပေမဲ့လျန်ယဲ့ရှန်းကတော့ ပျော်နေတယ်လို့‌စဥ်းစားပုံမပေါ်ဘူး"

  
ထို့နောက်မှာပင် သူနှင့်လျန်ယဲ့ရှန်းသည် အခြေချရုံအတွက်နှင့် လက်ထပ်ခဲ့ကြသော စုံတွဲမျိုးဟု မခံစားရပေ။ သူလျန်ယဲ့ရှန်းကို မတွေ့ခင် လက်ထပ်ခြင်းကိစ္စသည် သူ့အတွေးထဲတွင် လုံဝမရှိခဲ့ပေ။ သူ အင်မတန်ငယ်သေးလွန်း၍ ဖြုန်းတီးရန် အချိန်ကျန်လွန်းသေးသည်ဟု ခံစားခဲ့ရကာ အနာဂတ်အတွက် ဘယ်တုန်းကမှ တကယ်မစဉ်းစားခဲ့ပေ။

ကောချန်းချန်းသည်လည်း မသေချာပေ။ သူမ ယခု စိုးရိမ်ပူပန်စရာကိစ္စများမှ လွတ်ကင်းခဲ့ပြီ။ လွန်ခဲ့သည့်တစ်နှစ်ကျော်တုန်းက အလုပ်ထွက်ကာ အလွတ်တန်းအလုပ်လုပ်ကိုင်ရန် အိမ်မှဆင်းခဲ့သည်။ သူမ မူလတန်းကျောင်း အနုပညာဆရာမ မဟုတ်တော့ပေ။ ယခုဆိုလျှင် ထိုအစား လမ်းကြား ဂရပ်ဖတီရေးဆွဲချင်းကို ပိုနှစ်သက်နေပြီ။ သူမ မာကျောပြလွန်းခဲ့၍ မိဘများက သဘောထားများပြောင်းလဲသွားခဲ့ပြီး သူမ သူတို့ဆီ ရံဖန်ရံခါ ပြန်လာတာကိုပင် အတော်လေး ပျော်နေကြသည်။

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now