၂၂ ။

488 87 1
                                    

[Unicode]

ဖျော်ဖြေပွဲအပြီးတွင် ချန်ဇီကို လူအုပ်ကြီးထဲမှ ရွှီအိုးဆွဲထုတ်လာပြီး စင်ပေါ် ဆွဲခေါ်ပြန်လေသည်။

ချန်ဇီ အနည်းငယ်ပျာယာခတ်ပြီး အင်တင်တင်ဖြစ်သည့်တိုင် စင်ပေါ်တွင်ရပ်နေသေးသည်။ ရွှီအိုးက သူ့ဦးထုတ်ပါ ဆွဲချွတ်လေသည်။ စင်အောက်မှ အငွေ့အသက်သည် ချက်ချင်း အနည်းငယ်လှိုင်းဂယက်ထသွားခဲ့သည်။

"အရင်ရန်မဖြစ်ကြပါနဲ့ဦး!" ရွှီအိုး အလျင်အမြန်ပြောလိုက်သည်။
"သက်ဆိုင်ရာဌာနတွေက ဒီနေ့မှတ်တမ်းတင်ဖို့ ရောက်နေကြတာ! ငါတို့ရန်ဖြစ်ရင် အကုန်အထဲဝင်လိုက်ရလိမ့်မယ်!"

လုမင် ထိတ်လန့်သွားပြီး ချက်ချင်း အောက်ခုန်ချကာ လျန်ယဲ့ရှန်းကိုဆွဲခေါ်ချင်သွားသည်။

ရွှီအိုး အစတုန်းက တကယ်ရန်ဖြစ်ချင်လည်း နောက်မှပြောတော့မည်ဟု ပြောချင်သွားခဲ့သည်။ သူ့ဘေးတွင် ရှိနေသည့်ချန်ဇီကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူကိုယ်တိုင် ချန်ဇီထိုးကြိတ်ခြင်း အရင်‌ဆုံးမခံရစေရန် အကြံကိုမေ့ထားလိုက်သည်က ပိုကောင်းမည်ဟု စဉ်းစားမိလိုက်သည်။

    
"အရင်တုန်းက ကိစ္စတွေက အကုန်လုံး အထင်လွဲမှုတွေကြီးပါပဲ" ရွှီအိုး ချောင်းဟန့်လိုက်သည်။

"တကယ်တော့ ချန်... ချန်ဇီလည်း ငါတို့သမင်တောင်‌တန်းကို အတော်လေးသဘောကျပါတယ် ဟုတ်တယ်မလား"

‌သူ ဘာတွေသောက်ကျိုးနည်းပြောနေတာလဲ။ ချန်ဇီ ငြင်းဆန်သည့်အဖြေ ပေးချင်သော်ငြား ဒီနေ့လာရောက်ကြသူအားလုံးက သမင်တောင်တန်းပရိသတ်များဖြစ်သည်။ သူ လက်သီးနှစ်ဖက်လုံးနှင့် ရန်သူများကို တိုက်ခိုက်လျှင်တောင် အနိုင်ရနိုင်မည်မဟုတ်၍ အင်တင်တင်ဖြင့်သာ အင်းဟုပြောလိုက်ရတော့သည်။

ချန်ဇီဆင်းလာပြီးနောက် ဖုန်းတဂွမ်ဂွမ်မြည်လာကာ အားလုံးက သူ့ကို ဘာတွေဖြစ်နေတာလဲ မေးကုန်ကြသည်။ ချန်ဇီ အပြင်ထွက်လာရင်း မျက်နှာပူလာကာ စိတ်မပျော်သည့်ဟန် အတင်းအကျပ်ပြောရတော့သည်။
"စိတ်ရှုပ်စရာ အရှုပ်ထုတ်တွေကွာ၊ သူတို့သာ ငါ့ကိုအရင်စမတောင်းပန်ခဲ့ရင် ငါစိတ်ထဲထားမှာတောင်မဟုတ်ဘူး၊ အေးပေါ့ ရွှီအိုးကိုယ်တိုင် ငါ့ကိုလာပြောတာ၊ ပြီးတော့ သူတို့ဖျော်ဖြေပွဲကိုပါ အတင်းလာခိုင်းတာလေ၊ ငါတွန်းထုတ်လို့မှမရတာ...၊ မင်းတို့နဲ့ အရင်ဘာလို့မဆွေးနွေးတာလဲလား၊  ဘာဆွေးနွေးစရာရှိလို့လဲ၊ မင်းတို့တွေပဲ ပုံမှန်ဆို ငါ့ကို သူတို့နဲ့ ရန်အရမ်းလိုလို့ဆိုပြီး အရင်ကအပြစ်တင်နေတာမလား၊ မင်းတို့မကျေနပ်ဘူးဆို သူတို့ကိုထပ်သွား diss လိုက်၊ ငါမတားဘူး၊ အဲလုမင်ပဲဖြစ်ဖြစ် တစ်ခုခုပဲဖြစ်ဖြစ် diss ပေါ့..."

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now