၆ ။

928 168 31
                                    

"အချစ်ကျမ်းစာအုပ်" ၏ ဆဋ္ဌမ အပိုဒ်ခွဲ

“အလုပ်အကိုင်ဆိုတာ အောင်မြင်မှုအားလုံးရဲ့ မှော်လက်နက်ပဲ၊ အလုပ်အပေါ် အာရုံစိုက်မှ အချစ်စစ်ပွဲကို အောင်မြင်မှုရရှိပြီး ဆက်ဆံရေးမှာ ပြောဆိုခွင့်အာဏာအကြွင်းမဲ့ရလိမ့်မယ်”

လုမင်၏နေ့ရက်သည် အင်မတန်အကျိုးရှိနေသည်။ သူ သီချင်းများကိုဖန်တီးခဲ့သည်။ ဂေးဖြစ်ကြောင်း ဖွင့်ဟခဲ့သလို ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာများကို ဆွေးနွေးခဲ့သည်။ ကောချန်းချန်းအား အမြန်ပုံဆွဲပေးရန် ဖိအားပေးနိုင်ခဲ့သော်ငြား အခြားသူများ၏ အလောသုံးဆယ် ဆော်ဩခြင်းခံခဲ့ရသည်။
"မင်ကော၊ ဂေးဖြစ်ကြောင်းဖွင့်ဟခဲ့တယ်ဆို၊ ဂေးတန်းတူညီမျှအခွင့်အရေးအတွက်ဆိုပြီး ကျွန်တော့်သီချင်းလေးကိုတော့ မေ့ပစ်လို့မရဘူးလေ! ယောက်ျားမိန်းမချစ်တဲ့ ရပ်သီချင်းဆိုပေမဲ့ သီချင်းက အပြစ်ကင်းပါတယ်ဗျာ!"
  
ယခု သီချင်းများအကြောင်း ပြောဆိုကြတော့မှ လုမင်သည် သူ့ပစ္စည်းကိရိယာများသည် အိမ်တွင်ရှိနေသေးကြောင်း အမှတ်ရသွားခဲ့၏။ ညရောက်လုနီးပါးဖြစ်၍ ပြန်အိပ်ကာ လျန်ယဲ့ရှန်းကို ရှာရမည်။

ယနေ့ အိမ်ကမထွက်ခင် လျန်ယဲ့ရှန်းသည် လုမင်မှတ်ပုံတင်ကဒ်ကို စားပွဲပေါ်တွင် ထားပေးရန်အတွက်တော့ လူစိတ်ရှိသေးသည်။ သို့သော်ငြား ရေးချန်ထားခဲ့သည့် စာရွက်တိုကတော့ အင်မတန်ကို စိမ်းကားလွန်းသည်။
"မင်းရဲ့လင်ငယ်လေးနဲ့ အခန်းငှားဖို့ ယူသွားချေ၊ ကျေးဇူးတင်ဖို့မလိုဘူး။"
  
လုမင် အင်မတန်ကို နားမလည်နိုင်တော့ပေ။ စာကြောင်းတစ်ကြောင်း မှတ်စုတိုလေးဖြစ်ရုံကို ပုဒ်မချရန် တကယ်လိုအပ်ပါသလား။

ပြီးတော့ သူ မှတ်ပုံတင်သာလိုချင်သည်မဟုတ် သူယခုချိန်ထိ မမြင်ရသေးသော ကွာရှင်းစာချုပ်နှင့် ကွာရှင်းမှု သဘေယတူညီချက်လည်းဖြစ်သည်။ သူ သုံးစရာမရှိသော်ငြား ၎င်းတို့သည် သူ့ပစ္စည်းများဖြစ်သည်။ လုမင် တစ်အိမ်လုံး အနှံ့ရှာပြီး ထောင့်များကိုပါ မွှေနှောက်သော်ငြား အရိပ်အယောင်တစ်ခုမျှ မမြင်ရပေ။ လျန်ယဲ့ရှန်းတစ်ယောက် ၎င်းတို့ကို ကမ္ဘာကြီး၏ ထောင့်တစ်နေရာတွင် နျူကလီးယားကာကွယ်ရေး မီးခံသေတ္တာထဲ သိမ်းထားသည်လားဟုပင် သူယခုသံသယဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် လျန်ယဲ့ရှန်း၏ ဘွဲ့လက်မှတ်ကိုပါ တွေ့ခဲ့၍ပင်။

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now