၂၄ ။

470 78 2
                                    

[Unicode]

    လျန်ယဲ့ရှန်းသည် အိမ်အလုပ်နှင့်ပတ်သတ်သော စကားဒုတိယပိုင်းအား ဖြေရှင်းပြသွားသော်ငြား လုမင်၏ အရေးပါဆုံး တောင်းဆိုမှုဖြစ်သည့် စကားပထမတစ်ဝက်ကို လျစ်လျူရှုခဲ့သည်။

    လုမင်၏ ယခုလက်ရှိ တောင်းဆိုမှုက အနည်းငယ် တိကျလွန်းနေပြီး လုမင်နှလုံးသားထဲ နက်ရှိုင်းစွာ ပုန်းကွယ်နေသော ချိန်ကိုက်ဗုံးကို ထိသွားခဲ့သည်။ သို့သော်ငြား ယခုလောလောဆယ် မည်သည့်ကြိုးကို ဖြတ်ရမလဲမသိ၍ ဗုံးကို ထိုနေရာတွင် အရင်ထားပြီး ကွေ့ပတ်သွားရုံသာ တတ်နိုင်တော့သည်။

    လုမင်သည် အင်မတန် မူးဝေနေသည့် စကားများ ပြောစပြုလာသည့်အပြင် မျက်နှာတွင်လည်း ပုံမှန်မဟုတ်သော နီစွေးမှု ပေါ်လာသောကြောင့် လျန်ယဲ့ရှန်း လုမင်နှင့်ပတ်သတ်ပြီး အခြားအတွေးများပေါ်လာခဲ့သည်။ သူ ရှေ့သို့ကိုင်းကာ လုမင်၏ အမျှင်မပြတ်စကားပြောနေသော နှုတ်ခမ်းများကို တားဆီးလိုက်တော့သည်။

    လုမင် အမှန်တကယ် စကားပြောခြင်းရပ်တန့်သွားခဲ့သည်။ လျန်ယဲ့ရှန်း အနမ်းကို အဆုံးသတ်မည့် အချိန်မှာပင် လုမင်သည် မရဲတရဲဖြင့် လက်ဆန့်ကာ လျန်ယဲ့ရှန်းခါးကို လှမ်းဖက်လာသည်။ သူ လျန်ယဲ့ရှန်းအား ထားမသွားစေချင်ပေ။ အနမ်းကိုဆက်ရန် ခေါင်းငဲ့စောင်းကာ ပို၍ပင်နက်နက်ရှိုင်းရှိုင်းသွားလိုက်၏။

    အနမ်းအဆုံးသတ်တွင် လုမင်သည် လျန်ယဲ့ရှန်းနှုတ်ခမ်းများကို သိပ်မပြင်းထန်သည့်ဒေါသနှင့် ကိုက်လိုက်ပြန်သည်။ သူ နောက်ဆုံးတော့ အပြစ်မတင်ဘဲ မနေနိုင်သေးပေ။
"ကျွန်တော်မှားပါတယ်လို့ ပြောတိုင်း ခင်ဗျားကြီးက ဒေါသထွက်နေသေးတာပဲ၊ ဒါပေမဲ့ ကျွန်တော် ဘာထပ်ပြောရမလဲမှ မသိတော့တာ၊ ကျွန်တော် ခင်ဗျားနဲ့ပဲရှိနေချင်တာကို ခင်ဗျားကတော့ ကွာရှင်းချင်တယ်ပြောခဲ့သေးတယ်၊ ငါ-ိုးပဲ!"

    သူ လျန်ယဲ့ရှန်းရှေ့တွင် အရင်းခံအားဖြင့် အယုတ္တနတ္တများ ဘယ်တော့မှ မဆဲပေ။ ဒါပေမဲ့ ယခုက ကွဲပြားသည်။ သူ နေမကောင်းဖြစ်နေပြီး အသိစိတ်သည်ဝေဝါး‌နေ၏။ အတိအကျပြောရလျှင်တော့ မျှော်လင့်ချက်ရှိသောကြောင့် တောင်းဆိုမှုများလာခြင်းပင်။

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now