၁၉ ။

558 97 5
                                    

 [Unicode]

      လုမင် L လောင်ရှီးထံမှ ပြန်စာမရသေးသော်ငြား လျန်ယဲ့ရှန်းပြန်ခေါ်ခြင်း ခံရလေသည်။

  လျန်ယဲ့ရှန်းတစ်ယောက် စောနတုန်းကတင် သိသိသာသာ စိတ်ကြည်လင်နေသော်ငြား ယခုတော့ လုမင်ကိုမဲ့ပြုံးနှင့် ကြည့်နေသည်။
"အခကြေးပေးသွား"

  "ဘာကြေးပေးရမှာလဲ" လုမင် အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။

  "မင်း ဆရာဝန်ပြတာ ပိုက်ဆံမပေးဘူးပေါ့? ငါတို့နိုင်ငံက အလကားဆေးကုသမှုစရိတ်ပေးနိုင်တဲ့အထိ မဖြစ်သေးဘူးနော်၊ ဟုတ်တယ်မလား"

  ထိုစကားကမှန်သော်ငြား လုမင် ဒီနေ့ ဆရာဝန်ဆီလာပြီး ဘာမှမရရှိခဲ့ဟုခံစားနေရသည်။ လျန်ယဲ့ရှန်းသည် သူ့သွားကို မိနစ်အနည်းငယ်လောက်သာ ကြည့်ရုံမျှဖြစ်ပြီး အကြောင်းရင်းမရှိ စကားပြောနေရင်း maskကို ဆွဲချလေသည်။ ပြီးတော့ လုမင် အသိစိတ်ပြန်ဝင်လာချိန် ဘာကြောင့်မှန်းမသိသော်ငြား လျန်ယဲ့ရှန်းအား သွား စစ်ဆေးရာတွင် အာရုံစိုက်ရန် သတိမပေးမိဘဲ တကယ်ကြီး လျန်ယဲ့ရှန်းကို တုံ့ပြန်နမ်းမိခဲ့သည်။

   သူ ဒါအတွက်ပါ ဘာလို့ပေးရမှာလဲ။

  "ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး၊ အခု အတော်လေးမွဲနေတာ၊ နှစ်သိန်းကိုးသောင်းပဲကျန်တော့တယ်..."

  စတူဒီယိုငှားခ၊ livehouse ကျင်းပရာခန်းမကြေးနှင့် တခြားကိစ္စအမျိုးမျိူးပင်။

  "ဆရာဝန်တွေက လိုအပ်နေတဲ့သူကို နည်းနည်းလေး ကူညီပေးသင့်တယ်နော်၊  ကျွန်တော် ပိုက်ဆံမယူလာဘူးဆိုတော့ တခြားဟာနဲ့ပဲ ပေးလို့ရတော့မယ်"

  လျန်ယဲ့ရှန်းက အတော်လေးကို ပူးပေါင်းဆောင်ရွက်လေသည်။
"ဘယ်လိုမျိုးပါလိမ့်"

  ဒီနေ့ လျန်ယဲ့ရှန်းက ချည်းကပ်ရန် အင်မတန်လွယ်ကူနေခြင်းကြောင့်ဖြစ်နိုင်သည်။ လုမင်လည်း တအားကို ရဲတင်းလာခဲ့သည်။ သူ ခြေလှမ်းအနည်းငယ်လှမ်းလာပြီး လျန်ယဲ့ရှန်း ညာဘက်လက်ထဲတွင် ဘောပင်ကိုင်ထားသည်ကိုမြင်တော့ တကယ်ပဲ ဆေးညွှန်းရေးပေးရန် အသင့်ပြင်နေသည်လား သိချင်သွား၏။ လုမင် ဒီအပြုအမူကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ သူ ‌ငုံ့ကာ ခေါင်းကိုစောင်းပြီး လျန်ယဲ့ရှန်း နှုတ်ခမ်းထောင့်များကို နမ်းလိုက်တော့၏။

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now