၂၁ ။

512 93 2
                                    

[Zawgyi]

    ချန်ဇီ တကယ်ကြီး သူတို့ ဖျော်ဖြေပွဲကျင်းပရာနေရာဆီ မနက်စောစောရောက်လာခဲ့ပြီး စောစောဝင်လာလေသည်။

    အဝေးမှာ ရပ်နေသော်ငြား တစ်ကိုယ်လုံးတင်းတင်းကြပ်ကြပ်ဖုံးထားသေး၏။ ရွှီအိုးသာ လက်ညှိုးထိုးမပြရင် သူတို့ လုံးဝ ရှာတွေ့မှာတောင်မဟုတ်ပေ။

    လုမင် တီးတိုးရေရွတ်လိုက်သည်။
"အဲဝတ်စုံကို ငါမြင်ဖူးတယ်လို့ ဘာလို့ထင်နေမိပါလိမ့်..."

    ၎င်းက နာမည်ကြီးဖက်ရှင်တံဆိပ်နှင့် ဇိမ်ခံပစ္စည်းထုတ်ကုန်တို့ ပူးပေါင်းပြီး အရေအတွက်အကန့်အသတ်ဖြင့် ထုတ်လုပ်ခဲ့ခြင်းပင်။ မူရင်းဈေးက မမြင့်လျှင် လုမင် ဝယ်ရန်စဉ်းစားခဲ့ဖူးသည်။ သို့သော်ငြား ဝယ်သူပုံစံဟန်ဆောင်ကာ ခန့်မှန်းဈေးနှုန်းကို မေးပြီးနောက်တွင်တော့ လက်လျှော့ခဲ့လေ၏။

     "သူအရင်က ဒီရောက်ဖူးလား" လုမင် ရွှီအိုးကိုမေးလိုက်သည်။
"အရင်က ဒီအင်္ကျီဝတ်ဖူးတဲ့ ပွဲလာသူရှိဖူးတယ်လို့ခံစားနေရတယ်၊ အဲအချိန်တုန်းက လူအများကြီးလာခဲ့တာမဟုတ်လို့ ငါ့စိတ်ထဲထင်ကျန်ရစ်နေတာ"

    "ဟင့်အင်း၊ သူက ခုမှ ငါတို့ဖျော်ဖြေပွဲကို စင်အောက်ကနေ ပထမဆုံးအကြိမ်ကြည့်ဖူးတာလို့တောင်ပြောတယ်" ရွှီအိုး အတော်လေး ယုံကြည်ချက်ရှိနေသည်။
"အဲတော့ မင်းဒီနေ့ ပိုကောင်းကောင်းဖျော်ဖြေ၊ နောက်ထပ်အမှားမလုပ်မိစေနဲ့"

    "မင်းသာ အရင် စာသားမမေ့စေနဲ့"
တကယ်တော့ လုမင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သေချာပေါက် ချန်ဇီကြောင့်မဟုတ်ဘဲ လျန်ယဲ့ရှန်းလည်း ရောက်နေ၍ပင်။

    သူ ဒီနေ့ ပျင်းလွန်း၍ လျန်ယဲ့ရှန်း နာမည်ကို Weibo ပေါ်တွင်ရှာကြည့်ခဲ့ရာ တကယ်ပင်ရှာတွေ့ခဲ့သည်။ အကြောင်းအရာအများစုသည် သာမန်လူများက သွားစိုက်မှု မှတ်တမ်းများအား ရေးသွင်းထားမှုနှင့် လျန်ယဲ့ရှန်းအား ထောက်ခံထားမှုများဖြစ်သည်။ အရည်အချင်းရှိကြောင်း၊ အလှအပခံစားတတ်ကြောင်းနှင့် ပေးရသည့်ပိုက်ဆံ တန်ကြောင်း ‌ပြောထားကြသည်။ ထိုအချိန်မှသာလျှင် လျန်ယဲ့ရှန်းလည်း Weiboအကောင့် ရှိကြောင်း လုမင်သိခဲ့သည်။

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now