၁၁ ။

749 129 11
                                    

"အချစ်ကျမ်းစာအုပ်" ၏ ဧကဒသမ အပိုဒ်ခွဲ

“ကျေးဇူးပြုပြီး ရှောင်L လောင်ရှီးကို ဆက်သွယ်ပါ (WeChat ID: shabicaixin)၊ ဒီစာမျက်နှာမှာ ထပ်ပြီးတင်တော့မှာ မဟုတ်ပါဘူး”

 
လုမင်ထွက်လာသည့်အကြောင်းရင်းမှာ လျန်ယဲ့ရှန်းစကားလုံးများကို မည်သို့တုံ့ပြန်ရမလဲ မသိခြင်းကြောင့်ရော ရွှီအိုးက ကိစ္စ တစ်စုံတစ်ရာပေါ်လာ၍ သူ့ကို ထိုနေရာသို့ အမြန်လာရောက်ရန် လောခြင်းကြောင့်ပင်။

  
"ငါတက်နေတာက မင်းအသုဘဖြစ်ပါစေပဲတကယ်ဆုတောင်းတယ်"
လုမင် သက်ပြင်းချလိုက်သည်။
"အဲလိုသာဆို ငါဘယ်လောက်ဝေးဝေးရောက်နေ လာကိုလာရမှာ၊ မင်းအုတ်ဂူပေါ်က နောက်ဆုံးမြေမှုန့်လက်တစ်ဆုပ်ကို ငါ့လက်နဲ့ကိုယ်တိုင်ဖြူးရမှာပေါ့"

  
ရွှီအိုး လုမင်၏ ဆိုးရွားသော အပြုအမူကြောင့် ဇဝေဇဝါဖြစ်သွားခဲ့သည်။
"အရင်တုန်းက ငါတို့မင်းကို ညသန်းခေါင်ကြီး ခေါ်ရင်တောင် ဘာမှမပြောခဲ့ဘူးလေ၊ ဒီလေသံကဘာလဲ၊ ငါက မင်း လုပ်နေတဲ့အချိန်အတွင်း နှောင့်ယှက်မိတာကျနေတာပဲ"

  
လုမင် ထိုစာရွက်ပေါ်တွင် ကွာရှင်းရသည့် တတိယအကြောင်းအရင်းကို ယခုထပ်ထည့်နိုင်ဟု တွေးလိုက်မိသည် - လျန်ယဲ့ရှန်း မသိလောက်ဟု တွေးမိပြီး ညသန်းခေါင်ကြီး အပြင်ပြေးထွက်ခြင်းပင်။

  
ဒါပေမဲ့ ဒီအမှိုက်က တကယ်ကိုလွန်လွန်းသည်။ လုမင် တမင်သက်သက် ဘတ်စ်ကားစီးလာသည်ကိုပင် နောင်တရသွားခဲ့၏။

  
ရွှီအိုးက သူ့ကို ချန်ကောရေးထားသော Weibo ပို့စ်အား ပြလေသည်။

"28နှစ်အရွယ်ရောက်ပြီး ပရိသတ် တစ်သန်းတောင် မရောက်သေးတဲ့လူက ငါနဲ့ စင်မြင့်တစ်ခုတည်းရှိနေဖို့ မတန်သလို ငါ့ respect ရဖို့လည်း မထိုက်တန်ဘူး"

  
ဒါက တကယ်ကို သိသာလှသည်။ ရွှီအိုးသည် အသိုင်းအဝိုင်းရှိ ဝါရင့်အနေနှင့်လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ၂၈နှစ်ပြောင်းသွားခဲ့သည်...။ ပရိသတ်အရေအတွက်ကတော့... လုမင် ဖုန်းဖွင့်ကာ ကြည့်လိုက်ချိန် ပရိသတ်ကိုးသိန်းဖြစ်နေသည်။

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now