၂ ။

1.7K 260 80
                                    

"အချစ်ကျမ်းစာအုပ်" ၏ ဒုတိယ အပိုဒ်ခွဲ

“မင်းချစ်သူကို အရာအားလုံး မပြောပြနဲ့၊ အဲနည်းလမ်းနဲ့ မင်းတို့ ပတ်သတ်မှုဆက်ဆံရေးကို သစ်လွင်ပြီး လျှို့ဝှက်ဆန်းကြယ်စေလိမ့်မယ်”

လမ်းလွှဲဖြင့် အိမ်ပြန်ရောက်ရန်က အချိန် ပနည်းငယ်ကြာဦးမည်။ လျန်ယဲ့ရှန်းနှင့် စကားပြောရမည်ကို ရှောင်ရှားရန် လျန်ယဲ့ရှန်းကားထဲမှ အားသွင်းကြိုးကိုဆွဲထုတ်ပြီး ဖုန်းကိုဖွင့်ဖွင့်ချင်း ဖင်းဖင်းအား ညီအစ်ကိုကောင်းမပီသဟု ဆူပူကြိမ်းမောင်းလိုက်သည်။

"ငါပြန်သွားပြီး မင်းသီချင်းအသစ် ဖိုင်တွေ အကုန်ဖျက်ပစ်လိုက်မှာနော်!"
လုမင် သူ့ကိုခြိမ်းခြောက်လိုက်သည်။ ဒါပေမဲ့ ဖင်းဖင်းကတော့ ပြောလာ၏။

"လုပ်လိုက်ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် မလိုချင်တော့ဘူး၊ အဲဒါက ဆိုးဝါးလွန်းတယ်၊ ကျွန်တော်အခု စိတ်ကူးစိတ်သန်းအသစ်ရနေပြီ"

စိတ်ကူးစိတ်သန်းအသစ်က မည်သည့်အရာလဲဟု လုမင် မမေးနိုင်ခင်မှာတင် ကြိုးခမျာ လျန်ယဲ့ရှန်း၏ဆွဲဖြုတ်ခြင်းခံလိုက်ရ‌ရှာသည်။ လုမင် လျန်ယဲ့ရှန်းကို နားမလည်နိုင်စွာကြည့်လိုက်သည်။

"အားသွင်းကြိုးသုံးတာက ကွာရှင်းမှု သဘောတူညီချက်ထဲ မပါဘူး"

သူ့ဘဝတွင် အကြိမ်ရေသန်းချီမြောက် လျန်ယွဲ့ရှန်းအား အကြမ်းဖက်ချင်သွားတော့သည်။

ဒါပေမဲ့ ရန်ပွဲတွင် လျန်ယဲ့ရှန်းအား သူမနိုင်နိုင်ပေ။

သူ လျန်ယွဲ့ရှန်း၏ ဖြူအုသောအသားအရည်နှင့် ခြေတံရှည်များကို သူငယ်ချင်းများအား ကြွားဝါတတ်သည်။ ဒီအချက်သည် တကယ်တော့ လိမ်ညာခြင်းမဟုတ် အနည်းငယ် သွေဖယ်နေရုံဖြစ်သည်။ သူ့ခြေတံများသည် ပုံမှန်မိန်းကလေးများထက် ရှည်လျားပြီး အရပ်က ၁၆၈ စင်တီမဟုတ် ၁၈၆ စင်တီမီတာ ဖြစ်နေချင်းသာဖြစ်သည်။ အတူတူနီးပါးလောက်ပင်ဖြစ်ကာ နံပါတ်များမှာ နေရာသာ လွဲခြင်းပင်။

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now