၈ ။

807 145 39
                                    

"အချစ်ကျမ်းစာအုပ်" ၏ အဋ္ဌမ အပိုဒ်ခွဲ

“မင်းတို့ အပေါ်က ဆောင်းပါးတစ်ခုစီ ဒါမှမဟုတ် လေးခုကျော်လောက် စမ်းကြည့်ပြီးလို့ မင်းချစ်သူ အသေရိုက်သတ်တာမခံရသေးရင် ဂုဏ်ယူပါတယ်၊ သူမင်းကို တကယ်ချစ်တယ်၊ ဆန့်ကျင်ဘက်မှာတော့ မင်းကံ‌မကောင်းတဲ့ရလဒ်ရခဲ့ရင် ကွယ်လွန်သူ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ”

လျန်ယဲ့ရှန်း၏ အမေသည် နှစ်သစ်ကူးနေ့တွင် နေမကောင်းဖြစ်သည့်ဟန် အတင်းစေခိုင်းခံရတော့သည်။ သို့သော်ငြား သူမသားက ငွေရေးကြေးပိုင်းဆိုင်ရာနှစ်သိမ့်မှုပေးမှတော့ သူမအင်တင်တင်ဖြင့် လက်ခံလိုက်ရသည်။

"မင်းနဲ့ရှောင်လု ရန်ဖြစ်ထားတာလား"
သူ့အမေသည် လျန်ယဲ့ရှန်း တစ်စုံတစ်ရာလွဲနေကြောင်း စူးရှစွာ အာရုံခံမိသည်။
"မင်း သူ့အပေါ် ကောင်းစမ်းပါ၊ မင်းရဲ့ထူးဆန်းတဲ့အဲဒေါသက ဘယ်ကလာမှန်းကို မသိဘူး၊ ပြီးတော့ ပိုက်ဆံပေးတာက ပြဿနာတွေကိုဖြေရှင်းရာကျတယ်လို့လည်း အမြဲတွေးမနေနဲ့ဦး"

"ဟင့်အင်း၊ ကျွန်တော်တို့ အတော်လေးအဆင်ပြေပါတယ်၊ သူက အပြင်မှာပဲ ရှိနေသေးတာမို့ ပြန်မရောက်လာသေးရုံပါ"

"လူငယ်တွေ မြူးတတ်တာ ပုံမှန်ပဲ၊ သူက မင်းထက်ငယ်တယ်၊ ငါ့ကိုပဲကြည့်၊ အချိန်တိုင်းခရီးထွက်ရတာကို သဘောကျချက်ပဲ၊ မင်းကမှ ပုံမှန်မဟုတ်တဲ့လူလို့ ငါတော့ထင်တယ်၊ မင်းလုပ်သမျှက အိမ်မှာနေပြီး သွားနမူနာတွေပဲ ပုံသွင်းနေတာ၊ သူနဲ့ အပြင်လေးဘာလေး ပိုသွားဦး"

လျန်ယဲ့ရှန်းက တစ်ခဏရပ်သွားပြီးနောက် ပြောလိုက်သည်။
"ကောင်းပါပြီ"

လုမင်သည် ဆိုဖာပေါ်တွင် အိပ်မောကျနေချေပြီ။ အအေးဓာတ်ကြောင့် လျန်ယဲ့ရှန်း ရောက်လာသည့်အချိန် လုမင်က အလိုလိုမှီလာပြီး လျန်ယဲ့ရှန်း လက်မောင်းပေါ် မျက်နှာအပ်လာသည်။ ယခု အပူချိန်က အနည်းငယ် ပိုမြင့်သွား၍ လုမင် အတော်လေး ကျေနပ်သွားခဲ့၏။ လျန်ယဲ့ရှန်းသည် ထွေးပွေ့ပြီးနောက် ဒါမှမဟုတ် အလုပ်မသွားခင် လုမင်အိပ်နေသည့်ပုံစံ‌ကို နှစ်ခြိုက်စွာကြည့်တတ်သည်။ လုမင်က အမြဲ အိပ်ရေးပျက်တတ်သော်ငြား စောင်ကိုကိုင်ထားရင်ကိုင်ထား မဟုတ်လျှင် လျန်ယဲ့ရှန်းကိုဖက်ထားပြီး  မသိမ်မမွေ့အနေအထားဖြင့် အိပ်တတ်သည်။ ဆိုဖာပေါ်တွင် ဘာမှကိုင်စရာမရှိ၍ ဘောလုံးလေးလိုသာ ကွေးနေတော့သည်။

ချစ်ရေးချစ်ရာအမှားများနှင့်ကျမ်းစာအုပ် [မြန်မာဘာသာပြန်]Where stories live. Discover now