1.1. First Impression

1.1K 135 15
                                    

(Unicode)

နောက်ဆုံးပေါ် Lamborghini Huracán အမျိုးအစား အစိမ်းရင့်ရောင် ပြိုင်ကားလေးသည် ရုံးရှေ့ မျက်နှာစာရှိ ပါကင်ဧရိယာတွင် ထိုးရပ်လိုက်သည်နှင့် အားလုံး၏အကြည့်များသည် ထိုကားလေးဆီသို့ စုပြုံကျလာ၏။ တစ်နည်းအားဖြင့် ကားပိုင်ရှင်ဖြစ်သူထံသို့ စူးစမ်းသည့်အကြည့်များဖြင့် ပေါ်တင်ကာတစ်လှည့်၊ ချောင်းမြောင်း၍ တစ်ဖုံ။ အနှီသူမှာ ကုမ္ပဏီ၏ ထိပ်ပိုင်းအကြီးအကဲများနှင့် ဒါရိုက်တာများသာ ရပ်ခွင့်ရှိသော ပါကင်ဧရိယာတွင် မထီမဲ့မြင် လာရပ်ပုံထောက်... နာမည်သာကြားဖူးကြပြီး တစ်ခါမှ မမြင်ဖူးကြသော ဥက္ကဌကင်မ်၏ တစ်ဦးတည်းသောသား ကင်ထယ်ယောင်းပင် ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

နက်မှောင်သော ခပ်ကြေကြေ ဆံပင်များက ထင်ရှားသော မျက်ခုံးနက်နက်များပေါ် ဝေ့ဝဲကျနေသည်။ စူးရှလှသော မီးခိုးရင့်ရောင် မျက်လုံးများရှိသည့် မျက်ဝန်းအိမ်သည် မျက်တောင်စိပ်စိပ်တို့ဖြင့် ဆွဲဆောင်မှုရှိလေ၏။ နှာတံသည် ထင်းထင်းနှင့်စင်းစင်း။ ထို့အပြင် သေသပ်တိကျသော နှုတ်ခမ်းအနားသပ်တို့နှင့် ထင်ရှားသောမေးရိုးများကြောင့် လက်ရာမြောက်သော ပန်းပုရုပ်တစ်ရုပ်သဖွယ်။ မြင့်မားသောအရပ်နှင့် တောင့်တင်းသောခန္ဓာကိုယ်ရှိသော အနှီသူသည် တန်ဖိုးကြီးပေ့ဆိုသော အဝတ်အစားများနှင့် လွန်စွာလိုက်ဖက်လှပေသည်။

ထယ်ယောင်းသည် ကားတံခါးကို မထီမဲ့မြင်ဖြင့် ဖြစ်သလိုပိတ်ကာ လော့ခ်ချလိုက်သည်။ ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှစ်ဖက်ကို ထိုးထည့်ရင်း သူ့ရှေ့ရှိ မိုးထိအောင် မြင့်မားနေသော အဆောက်အဦးကြီးကို စိတ်မပါစွာ မော့ကြည့်မိသည်။

ကင်မ် ကော်ပိုရေးရှင်း...။ တောင်ကိုးရီးယားနိုင်ငံ၏ အဓိက စီးပွားရေးမဏ္ဌိုင် လုပ်ငန်းစုကြီးတွေထဲက တစ်ခုဖြစ်သော ကင်မ် လုပ်ငန်းစု။ အရှိန်အဝါကြီးသည်။ သြဇာလွှမ်းမိုးမှုရှိသည်။ သို့တိုင်အောင် ပျင်းဖို့ကောင်းလေသည်။

လက်ရှိပါးစောင်ထဲက ပီကေလောက်တောင် စိတ်ဝင်စားဖို့မကောင်း...။

What's Wrong With My Mr.Kim?Where stories live. Discover now