4.3. Malta | Opposites Attract

755 90 36
                                    


(Unicode)

ယနေ့ အပူချိန်သည် ၃၁ ဒီဂရီစင်တီဂရိတ်။

အပြင်တွင်လည်း ကောင်းကင်သည် မိုးသားကင်းစင်ကာ နေရောင်ခြည်က စူးရှတောက်ပလှသည်။ တစ်နည်းအားဖြင့် နွေရာသီ၊ ပင်လယ်ကမ်းခြေ အပျော်ခရီးနှင့် လိုက်ဖက်သင့်တင့်သည့် ရာသီဥတု ဖြစ်သည်။ ထိုကဲ့သို့သော နေ့မျိုး၌ လည်ထောင် turtle neck ဆွယ်တာနှင့်သူ့ကို မြင်လျှင် လူတွေက ကြောင်တောင်တောင်ဟု သတ်မှတ်ကြမည်မှာ သေချာပါသည်။

မှန်ထဲမှ ကိုယ့်ပုံကိုယ်ကြည့်ရင်း ဆော့ဂျင် သက်ပြင်းချမိသည်။ အခုလောလောဆယ်တွင် သူ့ထံ၌ လည်ပင်းဖုံးသည့် အင်္ကျီဆိုလို့ ဒီဆွယ်တာတစ်ထည်တည်းသာ ပါလာသည်။ ဒါတောင်မှ ညဘက် အိပ်လျှင် အအေးဒဏ် မခံနိုင်သည့်သူမို့ လိုရမယ်ရ ထည့်လာခဲ့မိသည့် တစ်ထည်တည်းသော ဆွယ်တာလေး ဖြစ်သည်။ သို့သော် ဒီအနွေးထည်ဆွယ်တာနှင့် မောလ်တာရဲ့ ပူပြင်းလှသည့် နေ့ခင်းဥတုကို သူ ဘယ်လို ဖြတ်ကျော်ရမည်နည်း။ တစ်ခါတည်း လှောင်ပိတ်မွန်းကျပ်ပြီး heatstroke ပါ ဖြစ်သွားနိုင်၏။

"ဒါကြီးတော့ ငါ ဝတ်လို့ မဖြစ်သေးပါဘူး..."

တစ်ယောက်တည်း ပြောပြောဆိုဆိုဖြင့် ဝတ်ထားမိသော ဆွယ်တာအင်္ကျီကို ဆော့ဂျင် ပြန်ချွတ်လိုက်သည်။ အင်္ကျီကို ချွတ်လိုက်သည်နှင့် ညာဘက် လည်ပင်းတွင် ထင်းခနဲ ပေါ်လာသော အမှတ်အသားကြောင့် ဆော့ဂျင်ရဲ့ နားရွက်ဖျားများပင် နီမြန်းလာရသည်။ တစ်ဆက်တည်း၌ပင် ကင်ထယ်ယောင်းဆိုသူအားလည်း စိတ်ထဲမှ မေတ္တာပို့မိ၏။

ကင်ထယ်ယောင်း! အရှက်မရှိတဲ့ ကောင်! နှာဘူးကောင်! တဏှာရူးကောင်! လူဆိုးကောင်! တခြား ဘာကျန်သေးလဲ? အော်... အထန်ကောင်!

ထိုသူရဲ့ ခေါင်းထဲ၌ ၂၄ နာရီ၊ ၇ ရက်လုံး အဲ့ဒီလို အတွေးတွေပဲ ရှိနေတတ်သည်လား။ ဒါကြောင့်မို့လည်း နာမည်ကြီး ငပွေငရှုပ်စာရင်းရဲ့ ထိပ်တကာ့ ထိပ်ဆုံးဖြစ်သည်မှာ သိပ်တော့ အံ့ဩစရာ မရှိပါ။

အခုလည်း သူ့အား ကစားချင်တိုင်း ကစားလို့ရသည့် အပျော်ဇယားတစ်ခုအနေနှင့် သတ်မှတ်သွားသော ကင်ထယ်ယောင်းအပေါ် ဆော့ဂျင် ဒေါသထွက်မိသည်။ နည်းနည်းလေး စေတနာမေတ္တာထားပေးမိလိုက်သည်နှင့် ဇာတိက ပြချင်လာ၏။

What's Wrong With My Mr.Kim?Where stories live. Discover now