3.5. Lecture V

927 100 71
                                    


(Unicode)

ဌာနထဲသို့ ဝင်လာသောအခါ အလုပ်စားပွဲတွင် ကျောက်ချထိုင်နေသော ကင်ထယ်ယောင်းကြောင့် ဂျီမင်တစ်ယောက် မျက်ခုံးများ ပင့်တက်သွားရသည်။ ကင်ထယ်ယောင်းမှ သူ့ထက်အရင် စောရောက်နေသည်မို့ လက်ပတ်နာရီကို အသေအချာ ပြန်ငုံ့ကြည့်မိ၏။ အချိန်များ မှားနေလေသလား။ သို့သော် အချိန်က မမှားပါ။ ဒါဆို သူ့မျက်လုံး အမြင်အာရုံတွေများ မှားနေသည်လား။

"ထူးထူးခြားခြား ကုမ္ပဏီကို အစောကြီး ရောက်လာပါလား..? ဒီနေ့ ရုံးဆင်းလို့ အပြန်ကျရင်တော့ ထီဝင်ထိုးအုံးမှပါ..."

အလုပ်စားပွဲနားသို့ လျှောက်လာပြီးနောက် ဂျီမင် ခပ်ပြုံးပြုံးဖြင့် နောက်လိုက်သောအခါ သကောင့်သားက ထုံးစံအတိုင်း မထီမဲ့မြင်မျက်နှာထားဖြင့် မော့ကြည့်လာ၏။

"ထိုးမနေနဲ့... ပေါက်မှာလည်း မဟုတ်ဘူး..."

"ပါးစပ်ပုပ်ကြီးနဲ့!"

ဂျီမင်က ခါးကိုထောက်ကာ နှုတ်ခမ်းကို အသာစူရင်း ရန်တွေ့လာသည်မို့ ထယ်ယောင်း ရယ်လိုက်မိသည်။ သုံးပတ်ကျော်မျှ အချိန်ကာလအတော်အတွင်း၌ ဂျီမင်၏ personality ကလည်း ချစ်ဖို့ကောင်းသည်ကို ထယ်ယောင်း နားလည်လာသည်။ ဂျီမင်က ပေါင်းသင်းဆက်ဆံရေး ကောင်းသည်။ သူ့လို ပလေးဘွိုင်းပုံစံဖြင့် ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းမျိုး မဟုတ်။ နှစ်လိုဖွယ်ကောင်းစွာဖြင့် အများတကာကို ဖမ်းစားနိုင်သော ပါရမီရှိခြင်းမျိုးဖြစ်သည်။

သို့ပေမယ့် သူ့ရဲ့ မန်နေဂျာချုပ် ကင်မ်ဆော့ဂျင်လောက်တော့ ဘယ်သူမှ ချစ်ဖို့ကောင်းနိုင်မည် မဟုတ်ပါ...။

ကိုယ့်အတွေးယာဉ်ကြောနှင့်ကိုယ် စီးမြောနေသည်မို့ မျက်နှာရှေ့တည့်တည့်သို့ ဂျီမင်က လက်ဖျောက်တစ်ချက် တီးလာမှသာ ထယ်ယောင်း ပြန်သတိကပ်တော့သည်။

"ဘာလဲ..?"

နံဘေးနားမှ မျက်ခုံးတစ်ဖက်ကို အသာပင့်ရင်း စိုက်ကြည့်နေသော ဂျီမင်ကြောင့် ထယ်ယောင်း မေးလိုက်သည်။

"မင်း အခုတလော ဘာဖြစ်နေတာလဲ..?"

"ဘာကို ဘာဖြစ်ရမှာလဲ..?"

What's Wrong With My Mr.Kim?Where stories live. Discover now