3.1. Lecture I

871 113 55
                                    


(Unicode)

မျက်နှာချင်းဆိုင်မှ ညစာကို ငြိမ်သက်စွာ စားနေသော ကင်ဆော့ဂျင်ကို ထယ်ယောင်း လှမ်းကြည့်မိသည်။ ထိုသူသည် အစစအရာရာ သတိကြီးစွာဖြင့် အတိမ်းအစောင်းမခံသည်မှာ ထင်ရှားလွန်းလှသည်။ အခုလည်း Table Manner အပြည့်ဖြင့် အင်္ဂလန်က တော်ဝင်မင်းသားတောင် အနှီသူလောက် ခန့်ညားနိုင်လိမ့်မည်မဟုတ်။ သာမန် ရှပ်အင်္ကျီ မိုးပြာရောင်နှင့် စတိုင်လ်ဘောင်းဘီကိုသာ ဝတ်ဆင်ထားသည့်တိုင် အရောင်အဝါတွေက လင်းထွက်နေသလို။ ဒါကြောင့်မို့လည်း ဒီလူက ဘာမဆို မာနတစ်ခွဲသားနှင့် ရင်ကော့မေးမော့နေနိုင်သည်ပေါ့။

"မန်နေဂျာချုပ်ကင်မ် အားမနာနဲ့.. များများစားနော်..."

စနောက်ချင်သည်မို့ တမင်သက်သက် လောကွတ်ချော်ပြကာ ထိုသူ၏ ပန်းကန်ထဲသို့ သူ့ပန်းကန်ထဲမှ လှီးဖြတ်ပြီးသား အသားတုံးများကို ထယ်ယောင်း ထည့်ပေးလိုက်သည်။ ထိုအခါ ဖြတ်ခနဲ သူ့အား စိုက်ကြည့်လာသော ကင်ဆော့ဂျင်ရဲ့မျက်နှာအမူအရာကြောင့် ထယ်ယောင်း အသံထွက်ရယ်ချင်စိတ်ကို မနည်းမြိုသိပ်ကာ နှုတ်ခမ်းများကို ဖိကိုက်မိ၏။

ထမင်းဝိုင်းထိပ်မှ အဖေက ကြားခံနေသည်မို့သာ ထယ်ယောင်းတစ်ယောက် ဤသို့ လက်ရဲဇက်ရဲဖြင့် မျက်နှာပြောင်တိုက်ရဲခြင်းဖြစ်သည်။ မဟုတ်လျှင် အနားမှာရှိသည့် ရေခွက် သို့မဟုတ် ဝိုင်ခွက်ထဲမှ အရည်နှင့် သူ မျက်နှာသစ်ရပေလိမ့်မည်။ ကင်ဆော့ဂျင်ရဲ့ ဇ,ရော၊ လက်သီးရောက မသေးသည်ကို ထယ်ယောင်း ကိုယ်တွေ့သိလေသည်။

"ဒီအသီးအရွက်လေးလည်းစား... ဒါလေးက organic ဗျ... ဟော့ဒါလေးက.."

"နေပါစေ... ကိုယ့်ဘာသာကိုယ် စားတတ်ပါတယ်..."

ပန်းကန်ထဲသို့ အသားတွေရော၊ အသီးအရွက်တွေပါ ဇွတ်တရွတ်လာထည့်ပေးနေသော ထယ်ယောင်းကို ဆော့ဂျင် အတတ်နိုင်ဆုံး စိတ်လျှော့ပြီး သတိပေးလိုက်သည်။

"ကိုယ့်ဘာသာကိုယ် စားတတ်မှန်းတော့ သိတာပေါ့ဗျ... ဒါပေမယ့် မန်နေဂျာချုပ်ကင်မ်က အဖေကိုယ်တိုင် ဖိတ်ထားတဲ့ ဧည့်သည်လေ... ပြီးတော့ ကျွန်တော့်ကို သင်ပြပေးမယ့် ဆရာဆိုလည်း မမှားဘူးလေဗျာ... အဲ့တာကြောင့်မို့ ကျွန်တော့်ဘက်က ဧည့်ဝတ်ကျေပါရစေခင်ဗျ... အာ... ဒါလေးစားကြည့်ပါဗျ..."

What's Wrong With My Mr.Kim?Where stories live. Discover now