4.2. Malta | Can't Help Myself

1.1K 95 65
                                    

Playlist
~ For ya - Jiang Xiao Ne ~

(Unicode)

"Jet Ski က ငှါးရင် ဘယ်လောက်လဲ?"

"နာရီဝက်ဆို ယူရို ၁၀၀ ကောင်လေး..."

"ဟ! စျေးကလည်း များလိုက်တာ... နိုင်ငံခြားသားမို့ နှပ်ချတာလား?"

"အဲ့တာဆို နှစ်ယောက်ပေါင်းစီးလေ... တစ်ယောက်ကို ယူရို ၅၀ ပဲ ကျတော့မှာပေါ့..."

Jet Ski တွေကို အငှါးပေးသည့် ဦးလေးကြီးက အတွက်အချက်တော်ပေမယ့် ထယ်ယောင်းထံတွင် အတူတူအဖော်စပ်ပြီး လိုက်စီးပေးမည့်သူ တစ်ယောက်မှမရှိ။ ဂျီမင်သည်လည်း သူ့ရဲ့ တစ်ဦးတည်းသောကိုကို မန်နေဂျာမင်ယွန်းဂီနှင့် ဘယ်ပျောက်လို့ ပျောက်သွားမှန်း မသိသည်မို့ ထယ်ယောင်းတစ်ယောက်တည်းသာ သက်ပြင်းရှည်တွေ လှိမ့်ချမိတော့သည်။ ဂျီမင်ရှိလည်း ထိုသူနှင့် သူ အတူတူ မစီးနိုင်ပါ။ ပတ်ဂျီမင်ဆိုသူက တအား ပစိပစပ်များလွန်းသည်လေ။

အရင်တုန်းက ကင်ထယ်ယောင်းသာဆိုလျှင် အခုလောက်ဆို အတူတူ အဖော်လိုက်ပေးမည့် ဇယားလေးတစ်ယောက်လောက်ကတော့ ရှာပြီးသွားပြီ။ သို့သော် ဆိုးလ်သို့ ပြန်ရောက်လာပြီးနောက် သူ့ရဲ့ စန်းပွင့်မှုက အနည်းငယ် ကျဆင်းသွားသလို ရှိသည်။ ဒါမှမဟုတ် ကင်ဆော့ဂျင်ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

"ယူရို ၂၀၀ ပါ... နှစ်စီးစာ ယူပါ့မယ်..."

ရုတ်တရက် အငှါးပေးသည့် ဦးလေးကြီးထံသို့ ကဒ်ကို ကမ်းပေးလာသော ဖြူနုနု လက်တစ်စုံနှင့်အတူ တည်ငြိမ်လွန်းလှသည့် အသံကြောင့် ထယ်ယောင်း ဘေးသို့ လှည့်ကြည့်လိုက်သည်။

တကယ်တော့ လှည့်မကြည့်ပဲနှင့်တောင် သူ တပ်အပ်ပြောနိုင်ပါသည်။ ထိုသူထံမှ အမြဲတမ်း သင်းပျံ့နေတတ်သည့် ဘယ်ရီနံ့နှင့် ဗနီလာနံ့လေးကို သူ ဘယ်လိုလုပ် မေ့နိုင်မည်လဲလေ။

"သူဌေးသားက ဘာလို့ စျေးတွေဆစ်နေတာလဲ?"

ညိုတောက်တောက် မျက်ဝန်းများက ထယ်ယောင်းထံသို့ ကူးပြောင်းလာပြီးနောက် သေးနုပ်သော အပြုံးတစ်ခုဖြင့်သာ မေးလာသည်။

What's Wrong With My Mr.Kim?Where stories live. Discover now