2.2. WIIFM

990 116 26
                                    


(Unicode)

"ဂျီမင်... ရုံးတက်ရတာလည်း တစ်ပတ်ပြည့်သွားပြီဆိုတော့ ဘယ်လိုနေလဲ... အလုပ်လုပ်ရတာရော အဆင်ပြေရဲ့လား..."

နံဘေးနားတွင် နေ့လည်စာကို တိတ်ဆိတ်စွာဖြင့် စားနေသော ဂျီမင်ကို ဆော့ဂျင် မေးလိုက်သည်။ ဟန်နမ်ပရောဂျက်နေရာသို့ ယွန်းဂီနှင့်အတူ ဂျီမင်ပါလိုက်လာသည်မို့ နေ့လည်စာ အတူတူစားဖြစ်ကြသည်။ ဂျီမင်ကို စကော်လာရှစ်ပရိုဂရမ်အတွက် အင်တာဗျူးတုန်းက တစ်ခါမြင်ဖူးသော်လည်း အခုရက်ပိုင်း အလုပ်များနေသည်မို့ ထိုသူကိုလည်း သေချာမတွေ့ဖြစ်ခဲ့။ အခုတလော ဂျီမင်ရော၊ ထယ်ယောင်းကိုပါ သူ သေချာမကြည့်ကြပ်ပေးနိုင်သလို ဖြစ်နေခဲ့သည်။

"ဟုတ်-ဟုတ်... အဆင်ပြေပါတယ် မန်နေဂျာချုပ်ကင်မ်..."

ဂျီမင်ဆိုသည့်ကောင်လေးကို ကြည့်ရတာ တခြားသူများနှင့် စကားပြောလျှင် သွက်လက်နေသလောက် သူ့အပေါ်ကျ အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်နေပုံရသည်။

"မသိတာရှိရင်လည်း မန်နေဂျာမင်ကိုရော စီနီယာတွေရော မေးလို့ရတယ်နော်... အရမ်း pressure မများပါနဲ့..."

"ဟုတ်ကဲ့... မန်နေဂျာချုပ်ကင်မ်..."

ကလေးတစ်ယောက်လို ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာသော ဂျီမင်ကြောင့် ဆော့ဂျင် ပြုံးမိလိုက်သည်။

"ဒါနဲ့... ထယ်ယောင်းနဲ့ အတူတူတွဲလုပ်ရတာ အဆင်ပြေတယ်မလား..."

ဒီနေ့ ဟန်နမ်သို့ ထယ်ယောင်း မလိုက်လာသည်မို့ ဆော့ဂျင် မေးမိလိုက်သည်။ ထယ်ယောင်း လိုက်လာမည်မဟုတ်မှန်းလည်း သူ တွက်ဆထားပြီးသားပင်။ ထိုသူသည် သူဌေးသားပီပီ ကလန်ကဆန်လုပ်တတ်သော အကျင့်လေးက ခေါက်ရိုးကျိုးနေမှန်း သိသာလေသည်။

"မဆိုးပါဘူး... ခုထက်ထိတော့ အဆင်ပြေနေပါသေးတယ်..."

မျက်မှန်ကိုပင့်ရင်း ပြောလာသော ဂျီမင်စကားကြောင့် ဆော့ဂျင် ရယ်ချင်သွားသည်။

"လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆိုတော့ ဖေးမကူညီပေးလိုက်ပါ... ဒါပေမယ့် သည်းခံခိုင်းဖို့ တောင်းဆိုတာတော့ မဟုတ်ပါဘူး... ကိုယ့်အတွက် တစ်ခုခု အဆင်မပြေဖြစ်လာရင်လည်း ပြောပြဖို့ ဝန်မလေးပါနဲ့..."

What's Wrong With My Mr.Kim?Where stories live. Discover now