2.1. TGIF

835 121 38
                                    


(Unicode)

ရုံးလေးတစ်ပတ်ပဲ တက်လိုက်ရသေးသည်... သောကြာနေ့ဆိုတာ တော်တော် တန်ဖိုးရှိတဲ့နေ့ပါလားလို့တောင် ထယ်ယောင်း တွေးထင်နေတတ်လေပြီ။

"နေ့တိုင်းက သောကြာနေ့ပဲ ဖြစ်ရင်ကောင်းမယ်..."

နံဘေးနားမှ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ခါးကို ဟိုဖက်လှည့်၊ ဒီဖက်လှည့်လုပ်နေသော ဂျီမင်ကို ထယ်ယောင်း မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ဒီသုံးလမြန်မြန်ပြီးမှ သူ့အတွက် မျက်စိအေး၊နားအေး၊ခေါင်းအေး၊ ရှိသမျှအကုန်အေးမည်။

ဂျီမင်က တကယ့်ကို စာကြမ်းပိုးဟိုက်ပါကောင် ဖြစ်လောက်သည်။ အင်းပေါ့... ဒီလိုလုပ်ငန်းစုကြီးမှာတောင် အလုပ်သင်ဖြစ်ခွင့်ရတာပဲလေ။ ထိုသူရဲ့ ကြွားလုံးအရ သူတို့ကုမ္ပဏီ၏ စကော်လာရှစ်ပရိုဂရမ်ထဲက ကျောင်းသားတစ်ယောက်လည်း ဖြစ်သည်တဲ့။ လောကမှာ ကြိုးစားနေလို့လည်း ဘာမှမထူးလာနိုင်သည့်အရာများရှိသည်ကို ပြောပြချင်မိသည်။ သူကတော့ လူဖြစ်တုန်း၊ ငယ်တုန်း၊ ရွယ်တုန်း လုပ်ချင်တာမှန်သမျှ အကုန်လုပ်မည်။ ပျော်နိုင်သမျှ ပျော်ပစ်မည်။

"အဲ့တာကြောင့်မို့ ငတုံးလို့ပြောတာပေါ့... နေ့တိုင်းကိုများ သောကြာနေ့ဖြစ်ချင်ရသေး..."

ကွန်ပျူတာကီးဘုတ်ကို တမင်သက်သက် အသံမမြည်,မြည်အောင် ဖိရိုက်နေရင်းမှ ထယ်ယောင်း ရေရွတ်ပြောလိုက်သည်။ ရုံးတက်တာ တစ်ပတ်ကျော်သွားပြီဖြစ်သော်လည်း စိတ်ကတော့ ကယ်လီဖိုးနီးယားက ရွှေရောင်နေ့ရက်များကိုသာ ပြန်တမ်းတမိသည်။ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီးသည့် ကိုးရီးယားလူမျိုးစစ်စစ်ဖြစ်သော်ငြား ဆိုးလ်မှာ ထယ်ယောင်း လုံးဝမပျော်ချေ။ ယူအက်စ်က သူငယ်ချင်းအပေါင်းအသင်းတွေ၊ ရွှေဖြူရောင်ဆံပင်များရှိသည့် အဖြူမလေးတွေ၊ ပျော်ပါးခဲ့ရသော ကလပ်က စော်လေးတွေ၊ ဇယားတွေကိုသာ သတိရပါသည်။ ထိုအရာတွေကမှ သူ့ဘဝအစစ်အမှန်လေ။

"ရော့... ဒီ ဝန်ထမ်းအချက်အလက်ဖိုင်တွေကို စာရင်းသွင်းပေး..."

"ဘာ..?"

စားပွဲပေါ်တင်လာသော ခေါင်းထက်မြင့်သည့် ဖိုင်တွဲများကိုကြည့်ပြီး နံဘေးနားမှ သကောင့်သားအား ခပ်ကျယ်ကျယ် အော်မေးမိသည်။

What's Wrong With My Mr.Kim?Where stories live. Discover now