3.3. Lecture III

811 102 57
                                    


(Unicode)

* Welcome to the Corporate World *

"ဒီနှစ်ယောက်က အဆင်ပြေသွားကြတာလား..?"

ဌာနထဲသို့ ယှဉ်တွဲဝင်လာသော ကင်ထယ်ယောင်းနှင့် သူတို့၏ နှစ်ယောက်မရှိသည့် မန်နေဂျာချုပ်ကင်မ်ကို ငေးနေခိုက် ဘယ်ချိန်တည်းက ရောက်နေမှန်းမသိသည့် ဒုမန်နေဂျာချုပ်ဂျောင်ထံမှ ထွက်လာသောအသံကြောင့် ဂျီမင်တစ်ယောက် လန့်ဖျပ်သွားရသည်။ ဟိုဆော့သည်လည်း ဂျီမင်ကဲ့သို့ပင် တစ်ယောက်က အနောက်တိုင်းဝတ်စုံ အပြာရင့်ရောင်နှင့် တစ်ယောက်က အနောက်တိုင်းဝတ်စုံ အညိုရင့်ရောင်ကို ဝတ်ဆင်ထားသော Blue & Brown နှစ်ယောက်ကို စိတ်ဝင်စားနေပုံရသည်။

"မန်နေဂျာချုပ်ကင်မ်နဲ့ ထယ်ယောင်းနဲ့က မတည့်ကြလို့လား..?"

ဂျီမင် မေးမိသောအခါ နံဘေးနားမှ ဒုမန်နေဂျာချုပ်ဂျောင်က စဉ်းစားတွေးတောသည့်ဟန်ဖြင့် လက်ကို ပိုက်၏။

"အဲ့လိုရယ်တော့ မဟုတ်ပါဘူး... ဒါပေမယ့် သူတို့နှစ်ယောက်က အကုန်ဆန့်ကျင့်ဘက်လိုပဲလေ..."

ဒုမန်နေဂျာချုပ်ဂျောင်ရဲ့ စကားများကို ဂျီမင် ထောက်ခံမိ၏။ ဟုတ်သည်။ သူတို့၏ အလှလေး မန်နေဂျာချုပ်ကင်မ်က တော်သည်။ ထက်မြက်သည်။ အစစအရာရာ ပြီးပြည့်စုံသည်။ ကင်ထယ်ယောင်းကတော့ အကုန်ဆန့်ကျင်ဘက်ပင်။ ပွေရှုပ်ပြီး ဇယားကလည်း များသည်။ မထီမဲ့မြင်ဖြင့်လည်း ရိုင်းစိုင်းတတ်သေးသည်။ အလုပ်ဆိုကျပြန်တော့လည်း တွက်ကပ်ချင်သေး၏။ ထိုသူနှစ်ယောက်သည် visual ချင်းက လိုက်ဖက်သော်ငြား personality ချင်းကျ အလွန်ကို ကွာဟနေသည် မဟုတ်လား။

"မန်နေဂျာချုပ်ကင်မ်နဲ့ အတူတူ လာတာလား..?"

အလုပ်စားပွဲနားသို့ လျှောက်လာသော ထယ်ယောင်းကို ကြည့်ရင်းမှ ဒုမန်နေဂျာချုပ်ဂျောင်က ခပ်ပြုံးပြုံးဖြင့်ပင် စိတ်ဝင်တစား မေးလာသည်။

ထူးဆန်းသော အပြုံးကိုယ်စီဖြင့် သူ့အား စိုက်ကြည့်နေကြသော ဂျီမင်နှင့် ဒုမန်နေဂျာချုပ်ဂျောင်ကြောင့် ထယ်ယောင်း မျက်ခုံးများကို မသိမသာ တွန့်ချိုးမိသည်။

What's Wrong With My Mr.Kim?Where stories live. Discover now