4.4. Malta | Strategic Plan

455 73 33
                                    


(Unicode)

"ဒါကြီးကို ငါ တကယ်ဝတ်ရမှာလား?"

"အဲ့ဒါ မဝတ်တော့ မင်းက ဘာဝတ်ချင်လို့လဲ?"

ဘေးနားက ဂျီမင်အား လျစ်လျူရှုကာ လက်ထဲမှ တီရှပ်အင်္ကျီကို ထယ်ယောင်း မျက်မှောင်ကြုတ်ကြည့်မိသည်။ ကင်မ်ကော်ပိုရေးရှင်း ဝန်ထမ်းတွေအတွက် ပေးလာသော တူညီစပို့ရှပ်သည် သေချာပေါက်ကို သူ ဝတ်နေကျ Gucci တို့ Celine တို့လို designer brand တွေထဲက customized လုပ်ပေးထားသည့် တီရှပ်တော့ မဟုတ်လောက်ပေ။

သူ့ဘဝမှာ တူညီဝတ်စုံ ဝတ်ရသည်ကို မုန်းလွန်းလို့ အစိုးရကျောင်းတောင် မတက်ခဲ့ဘဲ နိုင်ငံတကာ အထက်တန်းကျောင်းကိုသာ တက်ခဲ့တာ၊ အခုကျတော့ KIM Corporation ဆိုတဲ့ စာတန်းကြီး ပြူးနေသည့် စပို့ရှပ်ကြီးကို အများနည်းတူ ဝတ်ရတော့မည်တဲ့လား။

"အထွန့်တက်မနေနဲ့ ထယ်ယောင်း... team building လုပ်ပါတယ်ဆိုမှတော့ ဒီလောက်တော့ နားလည်ရမှာပေါ့... ကြည့်ပါလား... ဥက္ကဌကင်မ်တို့တောင် ဝတ်ထားတာ..."

ဂျီမင် ညွှန်ပြရာသို့ ထယ်ယောင်း လိုက်ကြည့်မိတော့ ကိုယ့်အဖေသည်လည်း အားလုံးနှင့်တန်းတူပင်။ မန်နေဂျာချုပ်ရာထူးတွေတောင် တစ်ခွန်းတစ်လေမှ မဟသည်မို့ ထယ်ယောင်းအတွက်လည်း ရွေးချယ်စရာ မရှိတော့ချေ။ သို့သော်ငြား သူ ဥက္ကဌဖြစ်လာတဲ့ တစ်နေ့ကျရင်တော့ ဒီလိုတူညီဝတ်စုံ ဝတ်ခိုင်းသည့် စည်းကမ်းကြီးကိုလည်း ဖယ်ထုတ်ပစ်ရမည်ဟု ထယ်ယောင်း စိတ်ထဲ၌ မှတ်ထားလိုက်တော့သည်။

"Hello testing 1 2 3... အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်က HR နဲ့ Admin ဌာနရဲ့ ဒုမန်နေဂျာချုပ် ဂျောင်ဟိုဆော့ပါ။ ဒီနေ့ workshop မှာ mediator အနေနဲ့ ပါဝင်အားဖြည့်သွားမှာပါ" ဒုမန်နေဂျာချုပ် ဂျောင်သည် မိုက်ခ်ကို ဟန်ပါပါ ကိုင်ကာ တကယ့် ပရော်ဖက်ရှင်နယ် MC တစ်ယောက်လို စကားဆိုလာ၏။

"ကင်မ်ကော်ပိုရေးရှင်းက လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမတွေ အားလုံးလည်း မောလ်တာမှာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်အခိုက်အတန့်လေးတွေကို ပိုင်ဆိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ကတော့ အားလုံးလည်း သိပြီးကြတဲ့အတိုင်း ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းကြားမှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ခင်မင်ရင်းနှီးလာအောင်၊ အသင်းအဖွဲ့ စိတ်ဓာတ်ဖြစ်တဲ့ team spirit ကို ပိုပြီး အားကောင်းလာအောင် polish လုပ် (အရောင်တင်) တဲ့အနေနဲ့ ဒီနှစ် ကင်မ်လုပ်ငန်းစုရဲ့ နွေရာသီ အပျော်ခရီးစဉ်မှာ team building workshop activities တွေပါ ထည့်သွင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတာပါ"

What's Wrong With My Mr.Kim?Where stories live. Discover now