2.4. TMI

676 108 43
                                    


(Unicode)

နားမလည်နိုင်သည့်ပုံဖြင့် စိုက်ကြည့်နေသော မီးခိုးရင့်ရောင် မျက်ဝန်းများကို ကျောခိုင်းပြီးနောက် ဆော့ဂျင် အိမ်ထဲသို့ ပြန်လာဝင်ခဲ့သည်။ အိမ်ထဲသို့ရောက်ပါမှ ဖြေလျော့မိသော လေပူများနှင့်အတူ သူ့မျက်နှာတစ်ခုလုံး တင်းမာနေမိမှန်း သတိထားမိတော့သည်။

"ဥက္ကဌကင်မ်ရဲ့သားက ဆိုးသွမ်းရုံတင်မကဘူး... တော်တော်လည်း ဉာဏ်တုံးပါလား..."

ဆော့ဂျင် ဆံပင်များကို ခပ်ကြမ်းကြမ်း သပ်တင်ကာ ခေါင်းခါယမ်းမိသည်။ ရုံးပိတ်ရက် နံနက်ခင်းလေးတွင် အရင်တိုက်ခန်းမှ ယူလာသော ပျိုးပင်ပန်းပင်လေးများကို ပြန်စိုက်ရင်း ရေလောင်းနေခိုက် ကင်ထယ်ယောင်းဆိုသူနှင့် ဆိုက်ဆိုက်မြိုက်မြိုက် ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ သို့ပေမယ့် တစ်နေ့နေ့၊ တစ်ချိန်ချိန်တော့ ကြုံဆုံရလိမ့်မည်ကို သူ နည်းနည်းလေး မျှော်မှန်းထားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘယ်နတ်ဒေဝါတွေ စီစဉ်ပေးလိုက်သော ကံကြမ္မာကြောင့်လဲမသိ... Hannam Hill အိမ်ရာဝင်းထဲက မြောက်မြားစွာသော တိုက်ခန်းများထဲမှာမှ သူ နှင့် ကင်ထယ်ယောင်းရဲ့ တိုက်ခန်းက တူနေသည့်အပြင် အခန်းချင်းကလည်း ကပ်ရပ်ကျနေသည်တဲ့လေ။

သူ့ဘဝ၌ တစ်ခါမှ အမှားမရှိခဲ့။ သူ့ဘဝတစ်လျှောက်လုံး တတ်နိုင်သမျှ အမှားဆိုသည်နှင့် ကင်းကင်းရှင်းရှင်းနေခဲ့သည်။ သို့သော် ဒီတိုက်ခန်းသို့ ပြောင်းလာနေရန် ဆုံးဖြတ်မိသည့် သူ့ ရွေးချယ်မှုကပဲ မှားသွားသည်လား။ ဒါမှမဟုတ် အစတည်းက ဥက္ကကင်မ်ရဲ့သားကို တာဝန်ယူပေးရန် အာမခံမိသည့် သူ့ ဆုံးဖြတ်ချက်ကပဲ မှားသွားသည်လား။ နောက်ဆုံး ဘယ်အရာကို ပုံချရမှန်းမသိတော့သည်မို့ ရှေးလူကြီးများ ညည်းညူနေကျအတိုင်း ကံတရားကိုသာ အပြစ်ဖို့ပစ်လိုက်တော့သည်။

တော်တော်ဆိုးသည့် ကံ..။

ကင်ထယ်ယောင်းနှင့် ကြုံဆုံပြီးနောက်ပိုင်း သူ့အတွက် ကံတရားက ဂွတိဂွကျနိုင်နေသလို ခံစားရသည်။ အထူးသဖြင့် မနေ့ညကပေါ့။ ကင်ထယ်ယောင်း၏ ကောင်းမှုကို အကြောင်းပြု၍ မနေ့ညက ညတွင်းချင်းပင် car services centre ဆီသို့ ဖုန်းဆက်ခေါ်ပြီး ကားကို ချက်ချင်း လာယူခိုင်းရသည်။ အရက်ကို တိုင်ကီလိုက်များ မြိုလာလေသလားမသိ... ထိုးအန်လိုက်သည်များ သူ့ကားတစ်စီးလုံး ရစရာမရှိ။ ဒီကိစ္စတွေကို ကင်ထယ်ယောင်း သိမည် မဟုတ်ပါ။ အလားတူ သူ့ဒေါသတွေကိုလည်း ကင်ထယ်ယောင်း မမြင်သွားသည်မှာ ကံကောင်းသည်ဟု ပြောရမည်။ ထိုသူသာ အသိကပ်နေခဲ့မည်ဆိုလျှင် အခြေအနေများက ပိုမိုဆိုးရွားသွားဖို့သာ ရှိသည်။

What's Wrong With My Mr.Kim?Where stories live. Discover now