4.6. Malta | 24-hour Date

721 73 39
                                    


(Unicode)

"ထယ်ယောင်း.. မင်းမျက်နှာက ဒဏ်ရာလေးနဲ့မှ ပိုကြည့်ကောင်းတာနော်"

ခပ်ပြုံးပြုံးဖြင့် စနောက်လာကြသော လုပ်ဖော်ကိုင်ဖက် တစ်သိုက်အား ထယ်ယောင်း မသိချင်ယောင်ဆောင်ထားလိုက်တော့သည်။ အဆိုးဆုံးကတော့ ပတ်ဂျီမင်ပင်။ အယောင်ကျသွားသော်ငြား သွေးခြေဥသလိုမျိုး အညိုအမည်းစွဲပြီး ကျန်ရစ်ခဲ့သော ဘယ်ဘက်နားထင်စောင်းကြောင့် ပန်ဒါဝက်ဝံတစ်ကောင်နှင့် တူသည်ဟု အားတိုင်းလိုက်ပြောနေသည့် ပတ်ဂျီမင်ရဲ့ ပါးစပ်တွေကို မန်နေဂျာ မင်ယွန်းဂီတစ်ယောက် စေတနာနှင့် ပိတ်ထားပေးလျှင်ကောင်းမည်။

"ငါတို့ဌာနရဲ့ မင်းသားလေးကို အဲ့လိုမပြောကြပါနဲ့ကွာ။ ထယ်ယောင်းခင်မျာ မနေ့က ဒဏ်ရာရထားတာတောင်မှ ငါတို့ဌာနအတွက် ပထမဆု ယူနိုင်အောင် ကြိုးစားပေးထားတာလေ" ဒုမန်နေဂျာချုပ်ဂျောင်သည်လည်း စကားဝိုင်းထဲသို့ ဝင်လာကာ ထယ်ယောင်းရဲ့ ပခုံးတစ်ဖက်အား သိုင်းဖက်လာ၏။

"သူကလည်း အဲ့ဒီဂွင်ကို စောင့်နေတာပဲလေ။ ဒဏ်ရာမကလို့ ဘာကြီးပဲရရ၊ မန်နေဂျာချုပ်ကင်မ်ပေါ်သာ ခွစီးရမယ်ဆိုရင် ကင်ထယ်ယောင်းတို့က သေရာကနေတောင် ငေါက်ကနဲ ပြန်ထလာမှာ"

နှာခေါင်းကို မသိမသာရှုံ့ပြကာ ပွစိပွစိပြောလာသော ပတ်ဂျီမင်ဆိုသူအား ဖြစ်နိုင်လျှင် ယခုသူတို့ရောက်ရှိနေကြသည့် Mellieha Parish Church (မယ်လီဟာ ရိုမန်ကတ်သလစ် ဘုရားကျောင်း) နားမှ မြို့ရိုးခံတပ်ပေါ်ကနေ မြေထဲပင်လယ်ထဲထိ လွှင့်ထွက်သွားအောင် ဂုတ်ကနေ ဆွဲပြီး လွှင့်ပစ်လိုက်ချင်မိ၏။

နှာခေါင်းကို မသိမသာရှုံ့ပြကာ ပွစိပွစိပြောလာသော ပတ်ဂျီမင်ဆိုသူအား ဖြစ်နိုင်လျှင် ယခုသူတို့ရောက်ရှိနေကြသည့် Mellieha Parish Church (မယ်လီဟာ ရိုမန်ကတ်သလစ် ဘုရားကျောင်း) နားမှ မြို့ရိုးခံတပ်ပေါ်ကနေ မြေထဲပင်လယ်ထဲထိ လွှင့်ထွက်သွားအောင် ဂုတ်ကနေ ဆွဲပြီး လ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[ Mellieha Parish Church ]

"ဟား ဟား.. အဲ့လောက်လည်း မပြောကြပါနဲ့။ ထယ်ယောင်းနဲ့ ငါတို့ရဲ့ မန်နေဂျာချုပ်ကင်မ်နဲ့ကလည်း အဆင်ပြေသွားပါပြီ။ ထယ်ယောင်း အလုပ်စဝင်ခါစတုန်းကလို တစောင်းစေးနဲ့ မျက်ချေး မဟုတ်တော့ပါဘူးကွာ။ ဟုတ်တယ်မလား?"

You've reached the end of published parts.

⏰ Last updated: Nov 06, 2023 ⏰

Add this story to your Library to get notified about new parts!

What's Wrong With My Mr.Kim?Where stories live. Discover now