2.3. FYI

839 115 13
                                    


(Unicode)

လွန်ခဲ့သည့် နွေရာသီတုန်းက သူငယ်ချင်းများဖြင့် အီတလီသို့ အပန်းဖြေအပျော်ခရီးထွက်ဖြစ်ခဲ့သည်။ ထိုစဉ်အခါတုန်းက အီတလီ၏ အရှေ့မြောက် ကမ်းရိုးတန်းဖြစ်သည့် ဗင်းနစ် (Venice) ၌ တန်ဖိုးကြီးလှသော Luxardo Maraschino ကော့တေးအမျိုးအစားကို မြည်းစမ်းခွင့်ရခဲ့သည်။ Maraschino ဆိုသည်မှာ အီတလီနှင့် ခရိုအေးရှားနိုင်ငံ ဒဲလ်မေးရှား ကမ်းရိုးတန်းဒေသရှိ Marasca ချယ်ရီများကို ပေါင်းခံထားသော အရက်အမျိုးအစားဖြစ်သည်။

အနီရင့်ရင့်ကိုမှ မဟူရာရောင်ဘက်သို့ သွားသော ထိုချယ်ရီများသည် သာမန် ချယ်ရီအမျိုးအစားများထက်ပင် တန်ဖိုးအားဖြင့် ငါးဆလောက် မြင့်တတ်ကြသည်။ ကော့တေးပေါ်တွင် အလှဆင်ထားသော ထိုချယ်ရီ၏အရသာသည် ထူးကဲလှသည်။ ချိုသည်လည်းမဟုတ်၊ ချဉ်သည်လည်းမဟုတ်၊ ခါးသည်လည်းမဟုတ်။ သို့သော် တစ်သက်မမေ့နိုင်သော ဆွဲဆောင်မှုရှိသည့် အရသာအာရုံဖြင့် စွဲလမ်းသွားအောင် ဖမ်းစားနိုင်၏။ သို့ကြောင့်မို့လည်း တန်ဖိုးကြီးရခြင်းများတွင် အကြောင်းအရင်းများ ရှိလေသည်။

ယခုအခါ ထိုချယ်ရီ၏ အရသာကို တစ်ဖန်ပြန်ခံစားခွင့်ရသည်ဟု ထယ်ယောင်း ထင်မိသည်။ တိတိကျကျ ဆိုရမည်ဆိုလျှင် မနေ့ညကပေါ့။ မနေ့ညက ထိုချယ်ရီ၏အရသာကို သူ နောက်တစ်ကြိမ် မြည်းစမ်းခွင့်ရခဲ့သည်။ ယခုဒုတိယအကြိမ်သည် ပထမဆုံးအကြိမ်ကထက်ပင် ပိုကောင်းနေသည်ကို ဝန်ခံရမည်။ သည်တစ်ခေါက်၌ နူးညံ့သည့်အချိုဓာတ်လေးကဲကာ ပိုပြီးလည်း ယစ်မူးစေ၏။ Luxardo Maraschino ချယ်ရီတွေရော ဟုတ်လေရဲ့လား။ ထိုချယ်ရီများထက် ပိုကောင်းသည့် ချယ်ရီသာ ဖြစ်လိမ့်မည်။

မနေ့ညက သူ မြည်းစမ်းခဲ့ရသည့် ချယ်ရီအမျိုးအစားက ဘာများပါလိမ့်..။

"သခင်လေး... သခင်လေးကင်မ်..."

နားထဲသို့ ပြတ်တောင်းပြတ်တောင်းဖြင့် ဝင်ရောက်လာသော ခေါ်သံများကြောင့် ထယ်ယောင်းတစ်ယောက် မျက်ခုံးကြောများကို အသာကျုံ့ကာ လေးတွဲနေသော မျက်ခွံများကို အားယူပြီး ဖွင့်ကြည့်လိုက်ရသည်။ စူးရှသည့်အလင်းတန်းများနှင့်အတူ မြင်ကွင်းထဲပေါ်လာသည်က စိုးရိမ်ပူပန်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသော အတွင်းရေးမှူးချွဲမင်ဟို။

What's Wrong With My Mr.Kim?Where stories live. Discover now