Part 1

991 54 7
                                    

________My Cutest Little Boy________

လွယ်အိတ်ကို စိတ်မပါစွာ လွယ်ပြီး beat ကို နားမှာအုပ်ကာ လျှောက်နေသော ကျောင်းသားတစ်ယောက်။ ခပ်မြင့်မြင့် သစ်ပင်တို့ ကာရံထားတဲ့ ကျောင်းဝန်းထဲမှ လမ်းကျဉ်းလေးက ထို ပုသေးသေး ကျောင်းသားလေး လျှောက်လှမ်းနေသည့် အတောအတွင်း ရှင်းလင်းနေသည်။ ဘာလို့လဲဆိုတော့ သူဟာ ကျောင်းအုပ်ကြီးရဲ့ တစ်ဦးတည်းသောသား၊ ကျောင်းသူကျောင်းသားတွေအကုန်လုံးကလည်း တုန်နေအောင်ကြောက်ရသောကြောင့်ဖြစ်သည်။

အမျိုးသား သီးသန့်ကိုယ်ပိုင်ကျောင်းဖြစ်ပြီး လူကုန်ထံအသိုင်းအဝိုင်းရဲ့ သားတွေပဲ တက်ရောက်နိုင်တဲ့ကျောင်းဖြစ်ကာ အဆင့်အမြင့်ဆုံးကျောင်းအဖြစ်လည်းနာမည်ကြီးသည်။
ပညာသင်အထောက်အပံ့နဲ့ သာမန်လူတန်းစားဖြစ်တဲ့ သူတွေ လာတက်ကြပေမယ့် တစ်လပင်မခံ။ သူဌေးသားတွေရဲ့ အနိုင်ကျင့်ခံရမှုကြောင့် ကျောင်းထွက်သွားကြသူတွေလည်းရှိ၏။

"‌ဟေ့ရောင် ဘတ်ဟျွန်း"

အနောက်မှခေါ်သံကြား‌လှည့်ကြည့်စရာမလို သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း အတန်းခေါင်း ဆောင် ဒိုဂယောင်ဆူးဖြစ်သောကြောင့်ပင်။ ဘတ်ဟျွန်းကို 'ဟေ့ရောင်' လို့ ‌ခေါ်တာ သူပဲရှိသည်။ အနောက်မှ ပုခုံးကိုလှမ်းဖက်ပြီး နားကြပ်ကိုဆွဲယူတော့ ဘတ်ဟျွန်းက မကြည်ကြည့်နဲ့ ။

"လမ်းလျှောက်နေတာ နားကြပ်ကြီးဖယ်စမ်းပါကွာ"

"ဘာသီချင်းမှနားမထောင်ပါဘူးကွာ ပျင်းလို့တပ်ထားတာ ဟိုကောင်တွေရော"

"ဂျုံအင်က ဆရာသူ့ကို ခေါ်ထားလို့ ရုံးခန်းသွားတယ် ဒီကောင်ဘာလုပ်ထားပြန်ပြီလဲမသိဘူး ဆယ်ဟွန်းက သူ့မားသားကြီးရဲ့ မွေးနေ့ကို LA မှာလုပ်တယ်ဆိုလား လိုက်သွားတယ်တဲ့"

"မင်းက သိလှချည်လား ဒီကောင်ငါ့ကျပြော
မသွားဘူး ပြန်လာမှအမှုန့်ကြိတ်မယ်"

ထိုစဉ် လက်မြန်လွန်းတဲ့ ဂယောင်ဆူးက ကျွန်တော့်ခေါင်းကို ခွပ်ခနဲခေါက်သည်။

"အား!! ဘာလို့ ခေါက်တာလဲ နာတယ်ဟ"

"အရူး မင်းက ဖုန်းဆက်တော့ကော ကိုင်လို့လား ဆယ်ဟွန်းက တဆင့်ပြောခိုင်းလိုက်တာ
LAကနေ မင်းဖို့လက်ဆောင် သခွားသီး ဝယ်ခဲ့မယ်တဲ့"

My Cutest Little Boy [ COMPLETED ]Tahanan ng mga kuwento. Tumuklas ngayon