part 2

406 44 3
                                    

_________My Cutest Little Boy _________

စားပွဲပေါ်မှောက်အိပ်ကာ ‌ဗြောင်ဘတ်ဟျွန်းတစ်ယောက် ချန်းယောလ်ကို စောင့်နေမိသည်။ ကျောင်းပြန်တက်နေပြီဖြစ်တဲ့ ဆယ်ဟွန်းက ဂိမ်းဆော့ရင်း အလုပ်ရှုပ်နေသည်။

"ဘတ်ဟျွန်း  ငါ့ကို ‌အအေးသွားဝယ်ပေးစမ်းပါ"

သူ့ကိုမကြည့်ပဲ ဂိမ်းကိုသာ သည်းကြီးမည်းကြီးနှိပ်နေတဲ့ ဆယ်ဟွန်းကို ဘတ်ဟျွန်းက ဘောပင်နဲ့ ကောက်ပေါက်လိုက်သည်။

"အား ဘာလို့လုပ်တာလဲ"

"မင်းဘာသာ သွားဝယ်လေ ငါမအားဘူး"

ခုံပေါ်မှောက်အိပ်ကာ တံခါးပေါက်ကိုသာ ငေးကြည့်နေတဲ့ ဘတ်ဟျွန်းကို ဆယ်ဟွန်းက နှာခေါင်းရှုံ့ကာ

"အော် အေးပါ မအားရင်လည်း

ဂျုံအင် ငါ့ကို အအေးသွားဝယ်ပေးပါလား"

"ငါမအားဘူးလေ ဒီမှာ ဂယောင်ဆူးစာရှင်းပြနေတယ်"

ထိုအခါ ဆယ်ဟွန်း ဝမ်းနည်းသွားရလေသည်။

"မင်းတို့ကလည်းကွာ ဒါလေးတောင်မကူညီကြဘူး"

"ဆယ်ဟွန်း မင်းလူတစ်ယောက်ကို သဘောကျဘူးလား"

အစမရှိအဆုံးမရှိ မေးလာတဲ့ ဘတ်ဟျွန်းကို ဆယ်ဟွန်းက စိတ်မဝင်စားစွာ ပြန်ဖြေသည်။

"No"

"ငါလည်း No ခဲ့ပါတယ် ဒါပေမယ့်
သူ့ကိုတော့ သဘောကျနေမိသလို... အဟက် ဘာလို့လဲ ငါသူ့ကို မကောင်းကြံခဲ့ပေမယ့် ငါမဟုတ်တဲ့ အတိုင်း သူ့ကိုအားနာနေမိတယ်"

"ဘယ်သူမို့လို့လဲ"

ဆယ်ဟွန်းက ဂိမ်း‌ဆော့နေရာမှ ဘတ်ဟျွန်း၏ စကားကို စိတ်ဝင်စားသွားသည်။

"ရှိတယ် လူတစ်ယောက်"

ထိုစဉ် အခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ ချန်းယောလ်။ သူ့အမူအရာက မနေ့ကလိုပဲ။ တွန့်ဆုံ့စွာ သူ့နေရာကို လျှောက်လာနေသည်။ တစ်ချက်တစ်ချက် မျက်မှန်ကို ပင့်တင်လိုက်သေးသည်။

"အာညော် ချန်းယောလ် "

ဘတ်ဟျွန်း ပြုံးပြီး နှုတ်ဆက်လိုက်ပေမယ့် ချန်းယောလ်ရဲ့ ခပ်တည်တည် အကြည့်တေ‌ွကိုသာ ရရှိလိုက်သည်။ နှုတ်ခမ်းတွေကို တင်းတင်း စေ့ကာ သူက ဘာမှပြန်မပြော။
မနေ့က ချောက်တွန်းမိလို့ သူစိတ်ဆိုးသွားတာလား။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now