'Park Chan Yeol !!"
မနက်ခင်းအစောမှာ ကျယ်လောင်စွာထွက်ပေါ်လာတဲ့အသံက မိထွေးရဲ့အသံ။
မိထွေးဆိုပေမယ့် အမေတစ်ယောက်ကဲ့သို့
ချန်းယောလ် ချစ်တယ်။ မွေးကတည်းက အမေဆိုတာကို မကြုံဖူးမမြင်ဖူးတဲ့ ချန်းယောလ်အတွက် ဓာတ်ပုံဘောင်ထဲမှ မိခင်အရင်းထက် အပြင်မှာသက်ရှိထင်ရှားရှိနေတဲ့ မိထွေးကို အချစ်ပိုမိတယ်။"Omma ဘယ်နားနေမကောင်းဖြစ်လို့လဲ"
"ဘယ်အချိန်ရှိနေပြီလဲ
မင်းအခုထိ အိပ်ချင်မူးတူးနဲ့"ဟုတ်သားပဲ။ ချန်းယောလ် ဒီနေ့မနက်ကိုးနာရီထိအိပ်ပျော်နေခဲ့တာပဲ။ ညကသေချာပေါက်စောစော အိပ်ခဲ့ပါတယ်။စောတယ်ဆိုပေမယ့် ည ၁၂နာရီ။ တစ်ချို့နေ့တွေဆို မနက် လေးနာရီထိချန်းယောလ်အိပ်မပျော်ခဲ့ပါ။ ဒီလိုအိပ်မပျော်ခဲ့တာ အလယ်တန်းကျောင်းသားအရွယ်ကတည်းကပင်။
"ကျွန်တော်ညက အိပ်ရေးပျက်သွားလို့ပါ"
"ဂျွန်ယောင်းဘယ်သွားလဲ
ဂျွန်ယောင်းရေ ဂျွန်ယောင်း"သက်ပြင်းချရင်း ချန်းယောလ် omma ရဲ့အခန်းထဲကထွက်ခဲ့လိုက်တယ်။ သူဆက်နေနေရင် Omma က hyung ဆုံးသွားတာကို ပြန်သတိရလာတော့မယ်။ပြီးရင် ချန်းယောလ်ကိုဆူမယ် ဒါပါပဲ။ နေ့တစ်နေ့ရဲ့ မနက်ခင်းက ဒီလိုနဲ့အစပြုတယ်။
အိမ်အကူအဒါ်ကြီးက အသက်ရလာပြီမလို့ အမှိုက်ထုပ်တွေကို မသယ်နိုင်မှာစိုး၍ ချန်းယောလ် ကူပြီး လွှင့်ပစ်ဖို့ အနက်ရောင်အိတ်အကြီးဖြင့်ထည့်ထားသော အမှိုက်ထုပ်ကြီးကို သယ်ခဲ့လိုက်တယ်။ ငယ်ငယ်ကတော့ အဒေါ်ကြီးက အိမ်အလုပ်တွေကို သူအကုန်လုပ်နိုင်တယ်။ Appa နဲ့ Hyung ဆုံးပြီးတော့ Omma ကလည်းကြာတော့ ရောဂါဆိုးရွားလာတာမို့ အိမ်ကစီးပွားရေးလုပ်ငန်းတွေကို မလုပ်ဖြစ်တော့။
ချန်းယောလ်က သုံးဖို့ငွေလိုလာရင် ဘဏ်စာအုပ်ထဲကနေထုတ်သုံးလိုက်ရုံ။ ငွေတွေက နှစ်အတော်ကြာအောင် အပူအပင်မရှိသုံးနိုင်သေးတယ်။ ချန်းယောလ်ကတော့ ထိုငွေတေွကို သိပ်ပြီးမမက်မောပါ။ သူမရှိတော့ရင်လည်း အားလုံးကို လှူခဲ့ဖို့ဆုံးဖြတ်ခဲ့ပြီးပြီ။ တစ်ခုတော့ စိုးရိမ်စရာရှိတယ်။ Omma မှာ မောင်တစ်ယောက်ရှိတယ်။ Appa ရှိနေစဉ်အတောအတွင်း ဦးလေးက အလာနည်းတယ်။ သို့သော် Appa ဆုံးပြီးတော့ အိမ်ကိုခနခနလာပြီး ပိုက်ဆံတောင်းတယ်။
ချန်းယောလ်နဲ့ စကားမပြောဖူးပေမယ့် ရှိတဲ့ငွေလေးတွေ ဦးလေးကိုပေးရလွန်းလို့ကုန်သွားမှာကို အရမ်းကြောက်တယ်။
YOU ARE READING
My Cutest Little Boy [ COMPLETED ]
Fanfictionစိတ်အားငယ်တတ်တဲ့ ချန်းယောလ်က တစ်နေ့မှာ သူ့ကို အတင်းလိုက်စနှောက်တတ်တဲ့ ဘတ်ခ်ဟျွန်းဆိုတဲ့ ကောင်လေးနဲ့ စတင်တွေ့ဆုံခဲ့ပါတော့တယ်.... ° baekyeol °