part 8

211 23 0
                                    

"omma ကလေ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဒီလိုပဲပုံစံတူဖြစ်ခဲ့ဖူးတယ်... အဲ့တုန်းက ငါကဘာမှမသိခဲ့ဘူးလေ အရမ်းကြောက်နေခဲ့တာ အရင်ကလည်း omma က ငါ့ကိုမုန်းခဲ့တယ် အဲ့ရောဂါဖြစ်ပြီးနောက်ပိုင်း omma ကအမြဲကြောက်လန့်ပြီး တစ်ယောက်ယောက်ရဲ့ နာမည်ကို တဖွဖွခေါ်နေတာ"

"အဲ့တာဘယ်သူလဲ"

"ငါတို့ Hyung လေ Park Jun Young"

"အာ....hyung ကိုး"

ဘတ်ဟျွန်း သူပြောသမျှကို လမ်းထိပ်ကခုံလေးမှာအတူတူထိုင်ရင်း ငြိမ်ပြီးနားထောင်ပေးနေခဲ့သည်။

"အဲ့တုန်းက ဆရာဝန်ကမစိုးရိမ်ရဘူးပြောခဲ့ပေမယ့် အခုက....ငါဘယ်လိုရင်ဖွင့်ရပါ့မလဲဒီစကားကို"

"မပြောပါနဲ့ ချန်းယောလ်"

ချန်းယောလ်ရဲ့ အေးစက်နေတဲ့လက်လေးတွေကိုကိုင်ပြီး ဘတ်ဟျွန်းက နွေးထွေးသွားအောင် သူ့ရဲ့အနွေးထည်အိတ်ကပ်ထဲ ထည့်စေလိုက်တယ်။

"ဘယ်လိုစကားမဆို ငါ့ဆီကိုရင်ဖွင့်လို့ရတယ်ဆိုပေမယ့် အဲ့ဒီစကားကမင်းအတွက် နာကျင်ရမယ်ဆိုရင် ငါ့ကိုမပြောလည်းဖြစ်ပါတယ်"

"ရှိတယ်မလား အဲ့လိုမျိုး
ပိုက်ဆံချမ်းသာနေပေမယ့် မပျော်ရွှင်နိုင်တာမျိုး ငါ့လိုကောင်က တကယ်အမှိုက်လိုပဲ !
ငါ့အနားကလူတွေအကုန်လုံးကို..."

"ချန်းယောလ်ရယ် အဲ့တာမင်းရဲ့အပြစ်မှမဟုတ်တာ ငိုလိုက် ငိုချပစ် တစ်ဘဝလုံးစာအတွက် မျက်ရည်တွေကုန်သွားတဲ့အထိ
ငါကကွယ်ထားပေးမှာမလို့"

ဆံပင်ဖွာဖွာလေး‌တွေက ချန်းယောလ်ကို ပါပီပေါက်စလေးတွေနဲ့တူစေသည်။ အလွန်ချစ်ဖို့ကောင်းသည်။ ထိုခေါင်းပွလုံးလေးကို ဘတ်ဟျွန်းက သူ့ရင်ခွင်ထဲဖွက်ကာ မျက်နှာကိုကာထားပေးလိုက်သည်။ ချန်း‌ယောလ်က မျက်မှန်ကိုဆွဲချွတ်ကာ ငိုတော့သည်။

"ဒီည ကြယ်တွေပိုများတယ်နော်"

"လကွယ်နေ့မလို့"

အတတ်ကလေးက ဝင်ဖြေတော့ ဘတ်ဟျွန်းပြုံးမိသည်။ ငိုလို့ဝပြီထင်ပါရဲ့။

"ကြယ်ကြွေလိုက်စမ်းပါ ဆုတောင်းချင်လို့"

"အဲ့တာ ဒီတိုင်းဂြိုလ်တစ်လုံးပျက်စီးသွားရုံပဲ
ငါတို့ဆုတောင်းကိုဖြည့်ပေးရအောင်ကြယ်တွေက နတ်ဘုရားမို့လား"

My Cutest Little Boy [ COMPLETED ]Where stories live. Discover now