part 17

285 22 2
                                    

~☘️

ချန်းယောလ် ဒီနေ့နေမကောင်းချင်သလိုဖြစ်နေတာမို့ နှာဖျားလေး နီချင်သယောင်ဖြစ်နေတယ်။ ဘတ်ဟျွန်းကလည်း အိမ်ကို အမြဲတမ်းလာပေမယ့် သက်ပြင်းတွေခနခနချနေတာပဲ။ မေးတော့လည်းမပြောပြ။ ထူးဆန်းတဲ့ဖုန်းတွေလာရင် မကိုင်ဘဲချပစ်တယ်။ ပြီးရင်မှိုင်တွေနေတတ်တာ ချန်းယောလ်စိတ်ထဲဝမ်းနည်းသလိုခံစားရတယ်။

ဘေးမှာထိုင်ပြီး တစ်နေရာထဲကိုထိုင်ငေးနေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ်ဘက်ကပဲ စကားစရတယ်။

"Baekhyunee
စကားလေးနည်းနည်းလောက်ပြောပါဦးလား"

"ဘာပြောရမှာလဲ Chan ရဲ့"

"အားလုံး
Baekhyunee ဖြစ်နေတာမှန်သမျှ
အကုန်ပြောပြ"

"Chan ကိုကြိုက်တယ်"

ဒီစကားကိုကြားရလို့ စိတ်ပျက်သွားမယ်တစ်ခါမှမတွေးဖူးဘူး။ ချန်းယောလ်စိတ်ကိုလျှော့ချကာ

"အဲ့တာမဟုတ်ဘူးလေ Baekhyunee"

"အချိန်တိုင်း Chan ကိုချစ်တဲ့အကြောင်းတွေ ခနခနပြောချင်တယ်"

* ထိုစကားကိုကြားပြီး Chan စိတ်ရှုပ်သလို အမူအရာဟန်ဆောင်လိုက်ပုံက ဘတ်ဟျွန်းအတွက် သကြားလုံး အလုံး ၁၀၀ လောက်စားလိုက်ရသလို ချိုမြိန်နေပါ၏။ *

"ဘာလဲ
တခြားဘာထပ်ရှိသေးလို့လဲ?"

မေးခွန်းရဲ့ဦးတည်ရာကိုမရောက်တော့ဘဲ ဘတ်ဟျွန်းက လမ်းကြောင်းကိုတမင်လွဲနေခြင်းပဲလား။

"တော်ပြီကွာ..."

ချန်းယောလ် ထထွက်သွားဖို့ပြင်တော့ ဘတ်ဟျွန်းက လှမ်းဆွဲပြီး ပြန်ထိုင်ခိုင်းစေလိုက်တယ်။

"ဘယ်သွားမှာလဲ
တစ်ယောက်ထဲ"

"အပေါ်ထပ်"

ဘတ်ဟျွန်း ဆွဲထားတဲ့လက်ကိုလွှတ်ပေးလာတော့ ချန်းယောလ်ထွက်လာခဲ့မိတယ်။ အပေါ်ထပ်ကိုတက်ပြီး ထောင့်မှာထိုင်လိုက်တယ်။

'သိသားပဲ မပြောပြဘူးဆိုတာ'

ခနလောက်ကြာတော့ အနောက်ကခြေသံကြားရတယ်။ ဘတ်ဟျွန်းက ဘေးမှာလာထိုင်ပြီး

My Cutest Little Boy [ COMPLETED ]Where stories live. Discover now